


Credit – Cele Zone
Photo – Eint Chit

ပရိသတ်တွေချစ်ခင်အားပေးမှုတွေကိုအခိုင်အမာရရှိထားတဲ့အိမ့်ချစ်ကတော့ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့်လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးရရာနေရာကနေ တတ်နိုင်သလောက် ပါဝင်ကာ လှုပ်ရှားမှုတွေပြုလုပ်လျက်ရှိပါတယ်။

တော်လှန်ရေးတိုက်ပွဲကြီးကလည်း တစ်ရက်ထက်တစ်ရက်အရှိန်ကောင်းလာကာ ခုဆိုရင်ပြည်သူတွေက အန္တရာယ်တွေကြားထဲက ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေရတာကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေလည်း တစ်ဆတစ်ဆများလာခဲ့တာကိုကြေကွဲဝမ်နည်းစွာတွေ့မြင့်ရပါတယ်။

အနုပညာရှင်များကလည်းရရာနေရာကနေတတ်နိုင်သလောက်ကူညီထောက်ပံ့ပေးမှုတွေလုပ်ပေးလျက်ရှိရာ အခုလည်း အိမ့်ချစ်တစ်ယောက် သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ဆန္ဒဖော်ထုတ်တဲ့ပြည်သူတွေအကာအကွယ်အပြည့်အစုံရစေရန်ရည်ရွယ်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ရက်ရက်ရောရော လိုသလောက်ယူနိုင်ကြောင်း လှူဒါန်းနေတဲ့ ပုံလေးတွေနဲ့တကွ” လိုတာယူပါ ဘေးကင်းကင်းနဲ့ ပြန်ခဲ့မယ်လို့ကတိပေးပါ Safety & Defense ပစ္စည်းများအတွက်တတ်နိုင် သလောက်ထည့်ဝင်လှူဒါန်းထားတဲ့အလှူလေးပစ္စည်းတွေဒီနေ့စဝေနေပါပြီ ပါဝင်နိုင်အောင်စီစဉ်ပေးတဲ့အကိုလည်းကျေးဇူးပါ”ဆိုတဲ့စာလေးကိုဖော်ပြထားရာ လေးစားလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Eint Chit