




ချစ်ရတဲ့ ပရိတ်သတ်ကြီးရေ စမိုင်းလ်ကတော့ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့သူလေး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အနုပညာလောက ကနေခနနားပြီး နိုင်ငံရပ်ခြားမှာ ပညာသွားသင်ရင်း အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာတော့ မြန်မာပြည်ကို ပြန်လည်အခြေချခဲ့သူ ဖြစ်ပါတယ်။

အနုပညာလောကနဲ့ ကင်းကွာသွားခဲ့ပေမဲ့ မြန်မာပြည်ကို ပြန်ရောက်လာချိန်မှာတော့ ချစ်တဲ့ပရိသတ်များလည်း စမိုင်းလ်ကို ပြန်ပြီးချစ်ခင်အားပေးခဲ့ကြပါတယ်။ခုလက်ရှိမှာတော့ စမိုင်းလ်က အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လေး လုပ်ကိုင်နေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူမဟာ သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကိုတည်ဆောက်ထားတာကြောင့် ပရိသတ်တွေကလည်း ချစ်ခင်သဘောကျ နေကြတာလည်း ဖြစ်ပါတယ်။

စမိုင်းလ်တို့မိသားစုလေးဟာ စည်းစည်းလုံးလုံးနဲ့ အလှူအတန်းတွေမှာလည်း လက်မနှေးပဲ စိတ်အားထက်သန်စွာ ရက်ရောကြတာ ဖြစ်ပြီး မကြာခဏ အခွင့်သာသလို လှူတန်းမှုတွေကို ပြုလုပ်နေတာလည်း တွေ့ရပါတယ်နော်……။စမိုင်းလ်ဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေ သလို စီးပွားရေးလုပ်ငန်းတွေကိုလည်း တွဲဖက်လုပ်ဆောင်ကာ အောင်မြင်နေတဲ့ သူလေး ဖြစ်ပါတယ်။လတ်တလောမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ပါဝင်နေတာ ပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမတတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အားရှိစေမယ့် အစားအသောက်များကို လှူတန်းနေတာ ဖြစ်ပါတယ်။ “ဒီနေ့တော့ မိုင်လို ငှက်ပျော်သီး တရုတ်နှစ်ကူးမုန့်ချိုလေးတွေနဲ့ Helmet လေးတွေပါလှူမယ်နော် 🙏🏼”ဆိုတဲ့ စာသားလေးနဲ့အတူ ပစ္စည်းတွေရဲ့ ပုံရိပ်တွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။ကဲ….ချစ်ပရိသတ်တွေကလည်း စမိုင်းလ်ရဲ့ အလှူလေးကို သာဓုခေါ်ရင်း ပိုချစ်ခင်ပြီး ဝန်းရံနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source : စမိုင်းလ် smile
Credit : Cele World ( Emals KT)

Leave a Comment

Your email address will not be published. Required fields are marked *