မိန္းကေလး ပရိသတ္ေတြရဲ့ အခိုင္အမာ ဝန္းရံအာ းေပးျခင္းကို ရရိွထားတဲ့ လူငယ္ အဆိုေတာ္ အုပ္စိုးခန့္က အသံခ်ိဳခ်ိဳေလးနဲ့ သီခ်င္းေကာင္ းေလးေတြကို သီဆိုတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ အုပ္စုိးခန့္ကေတာ့ သီခ်င္းဆိုတာအျပင္ သရုပ္ေဆာင္ဘက္ကိုလည္း ဝါသနာပါျပီး ျပီးခဲ့တဲ့နွစ္အတြင္းက “အိပ္မက္ေတြမိုးထားတဲ့အိမ္” ရုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ခဲ့ပါေသးတယ္။ အုပ္စိုးခန့္ကေတာ့ အခုဆိုရင္ အသက္နွစ္ဆယ္ေ တာင္မျပည့္ေသးတဲ့ ဆယ္ေက်ာ္သက္ေလးတစ္ေယ ာက္ဆိုေပမယ့္ အနုပညာေလာကမွာ ေအာင္ျမင္တဲ့ေန ရာတစ္ေနရာကို ရရိွေနျပီပဲ ျဖစ္ပါတယ္။

အုပ္စိုးခန့္ကေတာ့ (၂၀၂၀) ခုနွစ္အတြင္းမွာ ပရိသတ္ေတြအတြက္ အမိုက္စားသီခ်င္းေတြမ်ားစြာကို ခ်ျပခဲ့ျပီး သီခ်င္းေတြကလည္း ပရိသတ္ေတြၾကား ေပါက္ခဲ့သလို ေတးသီခ်င္းဆုေပးပြဲေတြရဲ့ ဆန္ကာတင္စာ ရင္းေတြမွာလည္း ပါဝင္နိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ မေန့က ဒီဇင္ဘာလ (၁၂) ရက္ေန့မွာက်င္းပတဲ့ Shwe FM (၁၁) နွစ္ျပည့္ အခမ္းအနာ းမွာေတာ့ အုပ္စိုးခန့္ရဲ့ “ပိုင္ရွင္” သီခ်င္းေလးက ဆုတံဆိပ္ေတြနဲ့ လြဲေခ်ာ္ခဲ့ရတာပဲ ျဖစ္ပါတယ္။ အုပ္စိုးခန့္ကေတာ့ အခြင့္မသာေသးလို ဆုမရရိွေသးတဲ့အေပၚ “ဒီနွစ္မဟုတ္ေတာ့ ေနာက္နွစ္ေပါ့ဗ်ာ.. Fighting!” ဆိုျပီး သူ့ကိုယ္သူ အားေပး စကားေျပာလာတာကို ေတြ့ရပါတယ္။

အုပ္စိုးခန့္ကေတာ့ သူ့အေနနဲ့ အခြင့္မသာေသးလို့ မရရိွေသးတဲ့ ဆုတံဆိပ္အေပၚ စိတ္ပ်က္သြားျခင္းမရိွပဲ ေနာက္နွစ္ေတြမွာ ဒီထက္မက ေသခ်ာေပါက္ရယူနိုင္ဖို့ ၾကိဳးစားမယ္ဆိုတာ ေျပာစရာေ တာင္လိုမယ္ မထင္ပါဘူး။ အုပ္စိုးခန့္တစ္ေယာက္ ေနာက္နွစ္ေတြမွာေတာ့ ဆုတံဆိပ္ၾကီးေတြနဲ့ မလြဲမေခ်ာ္ရရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀ ကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Oak Soe Khant’s fb
Credit – Cele Connections

မိန်းကလေး ပရိသတ်တွေရဲ့ အခိုင်အမာ ဝန်းရံအာ းပေးခြင်းကို ရရှိထားတဲ့ လူငယ် အဆိုတော် အုပ်စိုးခန့်က အသံချိုချိုလေးနဲ့ သီချင်းကောင် းလေးတွေကို သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ သီချင်းဆိုတာအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါပြီး ပြီးခဲ့တဲ့နှစ်အတွင်းက “အိပ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အုပ်စိုးခန့်ကတော့ အခုဆိုရင် အသက်နှစ်ဆယ်ေ တာင်မပြည့်သေးတဲ့ ဆယ်ကျော်သက်လေးတစ်ယေ ာက်ဆိုပေမယ့် အနုပညာလောကမှာ အောင်မြင်တဲ့နေ ရာတစ်နေရာကို ရရှိနေပြီပဲ ဖြစ်ပါတယ်။

အုပ်စိုးခန့်ကတော့ (၂၀၂၀) ခုနှစ်အတွင်းမှာ ပရိသတ်တွေအတွက် အမိုက်စားသီချင်းတွေများစွာကို ချပြခဲ့ပြီး သီချင်းတွေကလည်း ပရိသတ်တွေကြား ပေါက်ခဲ့သလို တေးသီချင်းဆုပေးပွဲတွေရဲ့ ဆန်ကာတင်စာ ရင်းတွေမှာလည်း ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့က ဒီဇင်ဘာလ (၁၂) ရက်နေ့မှာကျင်းပတဲ့ Shwe FM (၁၁) နှစ်ပြည့် အခမ်းအနာ းမှာတော့ အုပ်စိုးခန့်ရဲ့ “ပိုင်ရှင်” သီချင်းလေးက ဆုတံဆိပ်တွေနဲ့ လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့်ကတော့ အခွင့်မသာသေးလို ဆုမရရှိသေးတဲ့အပေါ် “ဒီနှစ်မဟုတ်တော့ နောက်နှစ်ပေါ့ဗျာ.. Fighting!” ဆိုပြီး သူ့ကိုယ်သူ အားပေး စကားပြောလာတာကို တွေ့ရပါတယ်။

အုပ်စိုးခန့်ကတော့ သူ့အနေနဲ့ အခွင့်မသာသေးလို့ မရရှိသေးတဲ့ ဆုတံဆိပ်အပေါ် စိတ်ပျက်သွားခြင်းမရှိပဲ နောက်နှစ်တွေမှာ ဒီထက်မက သေချာပေါက်ရယူနိုင်ဖို့ ကြိုးစားမယ်ဆိုတာ ပြောစရာေ တာင်လိုမယ် မထင်ပါဘူး။ အုပ်စိုးခန့်တစ်ယောက် နောက်နှစ်တွေမှာတော့ ဆုတံဆိပ်ကြီးတွေနဲ့ မလွဲမချော်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ြ ကီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Oak Soe Khant’s fb
Credit – Cele Connections