


unicode

ပရိသတ်တွေက ဦးနေဝင်းလို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ Rapper ကြီး နေဝင်းကတော့ Snare အဖွဲ့က Hip Hop အဆိုတော်တစ်ယောက်ဆိုတာ ပရိသတ်ကြီး မပြောလည်းသိပြီးသား ဖြစ်မှာပါ။ နေဝင်းကတော့ အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး ကိုဗစ်ကာလာမှာ အနုပညာအလုပ်တွေရပ်နားထားချိန်မှာ သူ့ရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နှစ်တွေအကြာကြီး သစ္စာရှိရှိချစ်ပြီး ရွှေလက်တွဲသွားကြတဲ့ နေဝင်းတို့ ဇနီးမောင်နှံကို ချစ်ခင်စွာနဲ့ အားပေးစောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်..။

Rapper ကြီးနေဝင်းရဲ့ ဇနီးကတော့ ခရီးသွားဘလော့ဂါတစ်ယောက်ဖြစ်ပြီး ဒီတစ်ခါမှာ သူမရဲ့ ဓာတ်ပုံလေးတွေပါတဲ့ ပြက္ခဒိန်ပုံလေးတွေကို အွန်လိုင်းကနေ လက်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ နေဝင်းကတော့ သူ့ဇနီးရဲ့ ပြက္ခဒိန်ပုံလေးတွေမှာ ချစ်ဇနီးထက် ကိုယ့်ကိုကိုယ် အမွှန်းတင်စနောက်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ နေဝင်းက “ Wallpaper လေးတွေ မိုက်တယ် ❤️ Model ကောင်လေး ပိုမိုက်တယ်မလား 😆😜 ” ဆိုပြီး စနောက်ခဲ့တာကြောင့် နေဝင်းရဲ့ ဇနီးလေးခမျာ ပြောစရာစကားလုံးတွေ ရှာမတွေ့တဲ့အထိ ဆွံ့အသွားခဲ့တာပဲ ဖြစ်ပါတယ်..။

Hip Hop အဆိုတော် နေဝင်းကတော့ သူ့ရဲ့ ဇနီးကို အရမ်းချစ်သလို ချစ်ဇနီး စိတ်ကောက်ရအောင်လည်း မကြာခဏ စနောက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။

Source: Nay Win’s fb
Bilie – Cele Connections