unicode
အနုပညာအပါ်မှာ ရူးသွပ်ပြီး ကျရာဇာတ်ရုပ်ကို အပီအပြင်အပိ်ုင်နိင်ဆုံး သရုပ်ဆောင်နိုင်တဲ့ ဇာတ်ပို့ဇာတ်ရံ ခင်လှိုင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို နှစ်တွေအကြာကြီး ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်အဖြစ်ကနေ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေ ရိုက်ကူးနေပြီဖြစ်တဲ့ ခင်လှိုင်က အခုဆိုရင် ဒါရိုက်တာတစ်ယောက်အဖြစ်ပါ ပရိသတ်တွေက လက်ခံအားပေးမှု့ကိုရရှိထားသူ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အောင်မြင်ကျော်ကြားမှုတွေရရှိနေတဲ့ ခင်လှိုင်ကတော့ သူ့ရဲ့အောင်မြင်မှုအပေါ် ဂုဏ်မောက်မာခြင်းမရှိပဲ သူ့ရဲ့ ပင်ကိုယ်ပုံစံအတိုင်း နေတတ်သူတစ်ယောက် ဖြစ်ပါတယ်..။
ဒီကနေ့မှာတော့ သရုပ်ဆောင် ခင်လှိုင်က သူနဲ့ ငယ်စဉ်ကတည်းက အနုပညာအလုပ်တွေ အတူတူလုပ်ခဲ့ပြီး ညီအစ်ကိုလို လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်း လွင်မိုးနဲ့ ပြန်လည်ဆုံတွေ့ခွင့်ရတဲ့အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။ “ ကျွန်တော်တို့လို ဇာတ်ပို့ဇာတ်ရံတွေ ဟာသသရုပ်တွေ လူရွှင်တော်တွေကို..ချစ်လွန်းလို့ ပြောမနာဆိုမနာလည်ပင်းဖက်ပေါင်းတတ်တဲ့ ညီအကိုအရင်းတွေလိုချစ်ရတဲ့ ဘော်ဒါကြီး ကိုလွင်မိုးနဲ့ဒီနေ့ပြန်ဆုံတွေခဲ့ပြီးစကားတွေရေပက်မဝင်ပြောခဲ့ရတာ အလွန်ပျော်တယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ် ချစ်သူငယ်ချင်းကြီး…ဂျိမ်းစဘွန်းရေ ” ဆိုပြီး အမှတ်တရပြောလာပါတယ်..။
လွင်မိုးကတော့ အကယ်ဒမီရရှိထားတဲ့ မင်းသားတစ်ယောက်ဆိုပေမယ့် ဇာတ်ပို့ဇာတ်ရံတွေအပေါ် ညီအစ်ကိုအရင်းလို မောင်နှမလို ပေါင်းသင်းတတ်တာကြောင့် ကောင်းသတင်းမွှေးသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်ချစ်ရတဲ့ အနုပညာရှင်နှစ်ယောက်လုံးကို တစ်နေရာတည်းမှာ တွေ့ရလို့ ကျေနပ်ကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..။
Source: Khin Hlaing’s fb
Bilie – Cele Connections