


Credit– Cele Zone
Photo – Khin Thazin

ပရိတ်သတ်ကြီးရေ ခင်သဇင်ကတော့ လက်တလောအနုပညာလောကပေါ်ကို ကြိုးစားမှုတွေနဲ့ အောင်မြင်မှုတွေရရှိဖို့ တက်လှမ်းလာသူတစ်ယောက်ပါ။ပရိသတ်တော်တော်များများကတော့ သိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုသိမ်းပိုက်ရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

သူမဟာ အမြဲတမ်းစမတ်ကျကျ ဖက်ရှင်ဒီဇိုင်းအသစ်တွေနဲ့ စတိုင်ကျလှပနေသူလေးလည်းဖြစ်ပါတယ်။အနုပညာအလုပ်တွေပါမကပဲ ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်အားထက်သန်စွာ လုပ်ကိုင်သူလေးဖြစ်ကာ တကယ်ကို လေးစားအားကျစရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။ဒါ့အပြင်သူမရဲ့ပုံရိပ်လေးတွေပါမကနောက်ပိုင်း အပျော်ဆော့ထားတဲ့ tik tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏဖော်ပြလေ့ရှိတာတွေ့ရပါတယ် ။

ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့်လည်း အခုတော့ ရိုက်ကူးရေးတွေ အနည်းငယ် ပြန်လည်လုပ်ကိုင်နေပြီလို့လည်း သိရပါတယ်။ အခုလည်း အနုပညာမောင်နှတွေဖြစ်တဲ့ အိချောပို အုပ်စိုးခန့်တို့နဲ့အတူ ဇာတ်လမ်းတွဲလေးတစ်ခုကိုရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းကအမှတ်တရ ပုံလေးတွေနဲ့အတူ “မောင်နှမတွေ အလုပ်အတူတူ လုပ်ရတော့ ပျော်တာပေါ့ မကြာခင် အသိပေးမယ် …. မျှော်နော် ” ဆိုတဲ့စာလေးကိုရေးသားဝေမျှလာတာဖြစ်ပါတယ်။ ခုထဲက ဘာကားလေးဖြစ်မလည်း စိတ်ဝင်စားမိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးလည်း ကြိုရင်ခုန်ရအောင် ပုံလေးတွေ မျှဝေပေးလိုက်မယ်နော်။

Credit– Cele Zone
Photo – Khin Thazin