ပရိတ်သတ်ကြီးရေ ပြည်သူချစ်သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့ပြီး ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရယူပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်…။သူမက အခုလက်ရှိမှာဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်နေတာပဲဖြစ်ပါတယ်နော်.။

နှိုင်းယှဉ်မြင့်မိုရ်က အခုအခြေအနေမကောင်းဘူး၊စိုးရိမ်ရတယ်ဆိုပြီး ညအချိန်မတော်ကြီးစာပို့နေသူတွေကို နောက်မပို့ကြဖို့ ကြိုတောင်းပန်လိုက်ပါတယ်။နှိုင်းရှင်မြင့်မိုရ်ကတော့ ” အားလုံးကို တစ်ခုလောက်ကြိုတောင်းပန်ထားပါစေ ညည အချိန်မတော်တော့မှ ညမရေ ပြေးတော့.. အခြေအနေမကောင်းဘူး စိုးရိမ်ရတယ်…ဒီညဝင်ဆွဲမယ်တစ်နေရာရာမှာသွာပုန်းနေတော့ ဆိုပြီး စာတွေလာလာပို့ကြတယ်…စိတ်ပူလို့ပြောမှန်းသိပေမယ့် နောက် အဲ့လို စာတွေမပို့ပါနဲ့… ဖမ်းကာမှဖမ်း…ဆွဲကာမှဆွဲ….ကျွန်မက ပြေးရ ပြောင်းရ နေရာရွှေ့ရအောင် ရာဇဝတ်လူသတ်ကောင် လည်းမဟုတ်ဘူး….ဘာအမှုမှလည်းကျူးလွန်မထားဘူး….ကုန်ကုန်ပြောမယ်….ကျွန်မ ရဲ့ အကောင့်မှာ သူတို့နဲ့ပတ်သက်လို့ ဆဲဆိုပြီးပြောဆိုထားတာတောင် မရှိဘူး “ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။

နှိုင်းရှင်မြင့်မိုရ်ကတော့ ” ဒီအချိန်မှာ မြန်မာနိုင်ငံမှာ နေတဲ့ လူတစ်ယောက် အနေနဲ့ ဒါမျိုးမတရားတာကိုမကြိုက်ဘူးဆိုတာကို ပေါ်တင်ပြောရဲတယ်….ငြိမ်းချမ်းစွာ ထုတ်ဖော်တယ်…အလှူလုပ်တယ်…အရေးကြီးတဲ့သတင်းတွေဆို သူများနည်းတူ ကူးပြီး တင်ပေးတယ် ….ဒါ ခု တော်တော်များများလုပ်နေကြတဲ့အလုပ်ပဲ….အဲ့အတွက် ကျွန်မကို ညအချိန်မတော်မှ ဟိုပြေးပါလားဒီ ပြေးနေပါလား ဆိုပြီး ကြောက်စိတ်ဝင်အောင် မပြောကြပါနဲ့ .လူတိုင်းကြောက်တယ် မကြောက်ဘူးဆိုတာ ညာတာဒါပေမယ့် ကြောက်နေရုံနဲ့ပြီးမယ့်ကိစ္စ မဟုတ်ဘူး ကျွန်မက အဆုံးထိ တွေးပြီး အကုန်ပြင်ဆင်ထားပြီးသား…ဘယ်မှမရွှေ့ဘူး “ဆိုပြီး သူမရဲ့ Fb Accမှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်…။

Source: nhying shin ‘ s facebook acc
Credit ; MMLoad