မြန်မာရုပ်ရှင်လောကမှာ ဆယ်စုနှစ်ကျော်တစ်ခုအထိ အောင်မြင်မှုတွေ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ခိုင်သင်းကြည် တစ်ယောက်ကတော့ သာယာလှပတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ထူးချွန်အကယ်ဒမီကို ထိုက်တန်စွာဆွတ်ခူးထားနိုင်ပြီး ယခုအချိန်ထိ ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေဆဲဖြစ်ပါတယ်။

သူမကိုယ်တိုင်က အနုပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ သမီးဖြစ်သူ စံထိပ်ထားဦးကိုလည်း အနုပညာလောကကို ခြေချခွင့်ပြုခဲ့ပြီး အကယ်ဒမီရွှေကြိုမယ်အဖြစ်နဲ့ အနုပညာလောကို စတင်ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။သမီးဖြစ်သူ ထိပ်ထားတစ်ယောက်ကလည်း ဖော်ရွေပွင့်လင်းတာကြောင့် ပရိတ်သတ်တွေက ချစ်ခင်အားပေးကြပါတယ်။ခိုင်သင်းကြည်ကတော့ အနုပညာလုပ်ရှားမှုတွေကို ရပ်တန့်ခြင်းမရှိပဲ ဆက်လက်လုပ်ကိုင်နေမြဲဖြစ်ပါတယ်။

သမီးဖြစ်သူ စံထိပ်ထားဦးရဲ့ Facebook စာမျက်နှာကနေ သားအမိနှစ်ယောက်အလှပြိုင်နေကြတဲ့ ပုံလေးတွေမျှဝေလာပါတယ်။အသက်ကြီးပေမယ့် ယခုအချိန်ထိ လှပနုနယ်နေတဲ့ ခိုင်သင်းကြည်ကိုတော့ သမီးဖြစ်သူနဲ့ ညီအမလားလို့ ပရိတ်သတ်တွေက စနှောက်မှတ်ချက်ပြုကြပါတယ်။ယနေ့အချိန်ထိ နုပျိုနေဆဲ သမီးဖြစ်သူနဲ့ အလှပြိုင်နေဆဲ ခိုင်သင်းကြည်ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။


