အဆိုတော်အားတီကတော့ကိုယ်ရဲ့ညီမလေး၊ဘေးနားအမြဲရှိပေးတဲ့BestFriendဆိုလဲမမှားဘူး၊ကိုယ်ငိုရင်သူဘေးမှာရှိတယ်၊ကိုယ်ပျော်ရင်လဲသူဘေးမှာရှိတယ်၊ကိုယ့်အကြောင်းတွေကိုယ့်မိသားစုထက်ပိုသိတဲ့သွေးမတော်သားမစပ်တဲ့မိသားစုဝင်တယောက်၊ကိုယ်ဘေးနားမှာရှိတဲအချိန်သူ့ကိုလုံးဝမျက်နှာမငယ်စေခဲ့ဘူး။

ဘယ်သူကိုမှလည်းသူ့ကိုနှိမ်ပြီးဆက်ဆံခွင့်မပြုခဲ့ဘူး၊မဆက်ဆံခဲ့ဘူး၊သူလည်းကိကိုယ့်လိုပဲဘယ်သူမှကျနော့်ကိုထိလို့မရဘူး၊မိန်းကလေးအရမ်းဖြစ်ချင်တဲ့သူ့အတွက်စကတ်တွေ့စက်၊ဂါဝန်တွေ့ဂါဝန်၊အိတ်ဆိုအိတ်လိုလေသေးမရှိအောင်ပဲထားခွင့်ရခဲ့ပါတယ်၊ခိုင်ခိုင်ကကျနော့်အတွက်မိတ်ကပ်ဆရာမဆိုလည်းဟုတ်တယ်။

ShootingManagerဆိုလည်းသူပဲ၊Assistantဆိုလည်းသူ၊အိမ်ထိန်းငွေထိန်းဆိုလည်းသူပဲအရမ်းတော်ပြီးလူချစ်လူခင်များတဲ့ခိုင်ရေ၊နောက်ဆုံးအချိန်ထိငါအကောင်းဆုံးကြိုးစားပေးနိုင်ခဲ့တယ်၊ဒါပေမယ့်အခုတော့နင်လွတ်မြောက်တဲ့လမ်းကိုလျှောက်သွားပြီပေါ့နော်။

ကောင်းရာဘုံဘဝမှာနင်ပျော်ရွှင်ပါစေ၊ကောင်းတဲ့နေရာကိုပဲရောက်မှာငါယုံကြည်တယ်၊Goodbyeညီမလေးခိုင်ရေ၊Rest In Peace၊ရင်ထဲအမြဲရှိနေမှာပါဆိုပြီးတော့သူရဲ့Instagramအ​ကောင့်မှာရေးသားဖော်ပြထားပါတယ်။မိတ်ကပ်ဆရာရှင်ခိုင်ခိုင်အဆုံခင်ကသူမရဲ့လူမှုကွန်ယက်ထက်မှာဘ​ဝဆက်တိုင်းဘုန်းကြီးဖြစ်ရ၏ဆင်းရသူတွေကယ်ပေးပါမယ်ဘုရားဆိုပြီးတော့စိတ်မကောင်းဝမ်းနည်းစွာရေးသားထားတာတွေ့ပါတယ်။

Credit:





Credit: