


Source : Awn Seng
Credit ; (Cele Gabar)

ချစ်ပရိသတ်ကြီးရေ စူပါမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ အော်န်ဆိုင်းကတော့ မကြာသေးမီကမှ ပရိသတ်တွေအားကျသွားလောက်အောင် လက်ထပ်ခွင့်တောင်းခံခဲ့ရပြီး ချစ်သူနဲ့မကြာခင် ရွှေလက်တွဲတော့မှာပဲဖြစ်ပါတယ် ။ သူမ ရဲ့ လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုလေးကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားကျခြင်းကိုခံခဲ့ရပြီး သူမကိုယ်တိုင်လည်း အရမ်း ကိုပျော်ရွှင်နေပါတယ် ပရိသတ်ကြီးရေ ..။

ဒီတခေါက်တော့ သူငယ်ချင်းတွေနဲ့ ညီမလေးတွေက Surprise ထပ်တိုက်ခဲ့ကြပါတယ် ။ အဲ့ဒါကတော့ သူမအတွက် SOLD OUT Party လေးဖြစ်ပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ပုံနဲ့တကွ ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။ Happy surprising moment ဆိုတဲ့စာသားလေးနဲ့အတူ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေ ကတော့ တကယ်ကို ကြည်နူးပျော်ရွှင်စရာပါ ။

ဒီလို အခိုက်အတန့်လေးတွေကတော့ စူပါမော်ဒယ်လ် အော်န်ဆိုင်း အတွက် တစ်သက်စာ မေ့နိုင်မယ်မထင်တော့ပါဘူးပရိသတ်ကြီးရေ ..။ ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ခင်ပွန်းလောင်းလေးနဲ့အတူ အရမ်းကိုပျော်ရွှင်နေတဲ့ အော်န်ဆိုင်းအတွက် ပရိသတ်တွေကလည်း ထပ်တူ ဝမ်းသာပျော်ရွှင်ကြောင်း မှတ်ချက်တွေပေးခဲ့ကြပါတယ် ။ အောန်ဆိုင်းရဲ့ ပရိသတ်တွေအတွက် Surprise Pary ပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါ တယ်နော်….. ။

Source : Awn Seng
Credit ; (Cele Gabar)