



ပရိသတ်တွေချစ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ အခုဆိုရင် ဒါရိုက်တာဏကြီးနဲ့ အိမ်ထောင်ကျခဲ့ပြီဖြစ်ပြီး အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ မင်းသမီးလေး ပိုင်ဖြိုးသုနဲ့ဒါရိုက်တာဏကြီးတို့ကို “မီ” မောင်နှံလို့တောင် တင်စားပြီးချ စ်ကြတာပဲဖြစ်ပါတယ်။

အိမ်ထောင်ကျသွားပေမယ့်လည်း သားသမီးမရှိသေးတဲ့ ပိုင်ဖြိုးသုက သူမလုပ်ချင်တဲ့အနုပညာအလုပ်တွေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်နေသလို မိသားစုအတွက်လည်း အချိန်ပေးနိုင်ဆဲပဲ ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၂၀) ရက်နေ့ကတော့ ပိုင်ဖြိုးသုရဲ့အချစ်ဆုံးညီမလေး နိုင်ဖြိုးဥရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကလည်း ညီမလေးရဲ့မွေးနေ့မှာ မိဘတွေအိမ်ပြန်ပြီး ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့နဲ့ တစ်နေကုန်အချိန်ကုန်ဆုံးခဲ့တာကို အခုလိုပဲ ပျော်ရွှင်စရာတွေ့ရပါတယ်။

ပိုင်ဖြိုးသုတို့ မိသားစုကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းဂရုစိုက်ပြီး ချစ်ကြတယ်ဆိုတာ ပြောစရာတောင်လိုမယ် မထင်ပါဘူး။ ချစ်ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုတို့မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူ းစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ေ ကာင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: Paing Phyoe Thu’s fb
Credit– Cele Connections