
အလှမယ် ဟန်တီသို့ …





Credit…..

အလှမယ် တယောက်ဖြစ်တဲ့ ဟန်သီကို ” ညီမ Vote လိုချင်တုန်းက ပြည်သူတွေဆီ ဘယ်လိုတောင်းခဲ့လဲ?” လို့ ဒဲ့မေးလိုက်တဲ့ ပရိတ်သတ်တဦး…

အလှမယ် ဟန်တီသို့ …

ဒီစာကို ချစ်ခြင်းမုန်းခြင်းကင် းစွာဖြင့်ရေးပါတယ်။ အဲဒီအတွက် personal attack မဟုတ်ဘူးဆိုတာ အရင်သိစေအပ်ပါတယ်။ညီမ အနေနဲ့ ဘယ်ဘက်ကနေနေ ၊ ဘာရေးရေးမရေးရေး ညီမရဲ့ rights လို့ပြောတယ်နော် ၊ အဲ့စကားက ညီမသာ ဈေးထဲက ဟင်းရွက်ကန်စွန်းရောင်းတဲ့သူဆိုရင်တော့ မှန်တာပေါ့။

အခုညီမက မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေ ညီမရဲ့အသံဟာ မြန်မာနိုင်ငံရဲ့ အသံဖြစ်တယ်၊ ညီမရဲ့ ရပ် တည်မှု ဖေးမမှုဟာ နိုင်ငံရဲ့ခွန်အားဖြစ်တယ်။အခုအချိန်မှာ ဈေးထဲက ဟင်းရွက်ကန်စွန်းသည်တောင် ကိုယ့်နိုင်ငံအတွက် မကြောက်မရွံ့မားမားမတ်မတ်ရပ်တည်တယ်။ အမှားဘက်က မရပ်တည်ဘူး ကြားနေမလုပ်ဘူး အမှန်ကို ဖော်ထုတ်ပြောရဲကြတယ်။

ညီမကတော့ နိုင်ငံကိုယ်စားပြုအလှမယ်ဖြစ်ပြီး ရေငုံနှုတ်ပိတ်နေပြီးမှ ဒါ ကျမရဲ့ right မို့ ကျမပြောချင်ပြောမယ် မပြောချင်မပြောဘူး ဒါကျမအ ခွင့်အရေးလို့ ပြောတာ ညီမမရှက်ဘူးလား ? ညီမသွားပြိုင်တုန်းက vote ပေးထားတဲ့ ဝန်းရံပေးထားတဲ့ ပြည်သူတွေကို အားမနာဘူးလား ?

ညီမ vote လိုချင်နေတုန်းက ပြည်သူကိုဘယ်လိုတောင်းခဲ့လဲ ? အခုပြည်သူက ညီမတို့ အလှမယ်တွေရဲ့ အသံကိုလိုအပ်နေချိန်မှာ ခုလိုပြောထွက်တာ ညီမကိုယ်ညီမ လိပ်ပြာလုံရဲ့လား ?အကိုကတော့ ဒီနေ့ကစပြီး ညီမကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ်လုံးဝ အသိအမှတ်မပြုနိုင်ေ တာ့ပါဘူး။ဒါ ညီမပြောတဲ့ အကို့ rights ပါပဲ။

Credit…..

Leave a Comment

Your email address will not be published. Required fields are marked *