ပြည်သူချစ် လူရွှင်တော်တွေဖြစ်ကြတဲ့ တိုင်းကျော် ဝိုင်းကျော် ပိုးလေး ပြည်ကျော်နဲ့တိုးကျော် တို့ကတော့ ဖော်ဖော်ဝါရီ ၁ရက်နေ့မှ စတင်ကာ ပြည်သူတွေနဲ့ အတူ တစ်သားထဲရပ်တည်လျက်ရှိပါတယ်။တစ်ချိန်က ပြည်သူတွေကို ရယ်မောစေခဲ့တဲ့ ပျက်လုံးတွေနဲ့ ဟား၅ကောင်အဖွဲ့ကတော့ ပြည်သူနဲ့ တစ်သားထဲ ရပ်တည်နေကြောင်းကို ထပ်မံသက်သေပြ လိုက်ပြီ ဖြစ်ပါတယ်။

ဟား(၅)အဖွဲ့ကတော့ လက်ရှိပရိတ်သတ်တွေကြားမှာ ပြောစမှတ်ပြုနေရတဲ့ ဟာသလူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။တောထဲမှာ မိမိတို့နေထိုင်ရပုံတွေကို ပရိတ်သတ်တွေကို ချပြလေ့ရှိပြီး ဇွဲမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။ညီအကိုရင်းကဲ့သို့ ချစ်ခင်ကြတဲ့ ဟား ၅ကောင်ညီအကိုတွေကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့တုန်းကလည်း အတူတူဖြစ်ပြီး လွတ်မြောက်နယ်မြေမှာလည်း ညီအကိုတွေ အတူတူပဲ သင်တန်းတက်ရောက်လျက်ရှိကြ ပါတယ်။

ပထမအစမှာတော့ ဟား၅ကောင်အဖွဲ့ဟာ ညီအကို၅ယောက်လုံး အတူတူ လွတ်မြောက်နယ်မြေကို ရောက်ရှိလာကြတာမဟုတ်ပဲ ပြည်ကျော်တစ်ယောက်က သီးခြားနေရာမှာ ရှိနေခဲ့ပါတယ်။လက်ရှိအချိန်မှာတော့ ဟား၅ကောင်ညီအကိုတစ်တွေဟာ လွတ်မြောက်နယ်မြေတစ်ခုမှာ အတူတူဆုံ စည်းသွားပြီဖြစ်ကြောင်း တိုင်းကျော်တစ်ယောက် သူရဲ့ လူမှုစာမျက်နှာမှ တစ်ဆင့်ဖော်ပြလာခဲ့ပါပြီး ပြည်သူ့အတွက် အားဖြစ်ပါစေ ဆိုပြီး ညီကို ၅ယောက်ရိုက်ထားတဲ့ ပုံလေးနဲ့ အတူ မျှဝေလာခဲ့ပါ တယ်။

Credit – YaungChi

Source _ Taingkyaw’s Facebook

ျပည္သူခ်စ္ လူရႊင္ေတာ္ေတြျဖစ္ၾကတဲ့ တိုင္းေက်ာ္ ဝိုင္းေက်ာ္ ပိုးေလး ျပည္ေက်ာ္နဲ႔တိုးေက်ာ္ တို႔ကေတာ့ ေဖာ္ေဖာ္ဝါရီ ၁ရက္ေန႔မွ စတင္ကာ ျပည္သူေတြနဲ႔ အတူ တစ္သားထဲရပ္တည္လ်က္ရွိပါတယ္။တစ္ခ်ိန္က ျပည္သူေတြကို ရယ္ေမာေစခဲ့တဲ့ ပ်က္လုံးေတြနဲ႔ ဟား၅ေကာင္အဖြဲ႕ကေတာ့ ျပည္သူနဲ႔ တစ္သား ထဲ ရပ္တည္ေနေၾကာင္းကို ထပ္မံ သက္ေသျပလိုက္ၿပီ ျဖစ္ပါတယ္။

ဟား(၅)အဖြဲ႕ကေတာ့ လက္ရွိပရိတ္သတ္ေတြၾကားမွာ ေျပာစမွတ္ျပဳေနရတဲ့ ဟာသလူရႊင္ေတာ္အဖြဲ႕ပဲျဖစ္ပါတယ္။ေတာထဲမွာ မိမိတို႔ေနထိုင္ရပုံေတြကို ပရိတ္သတ္ေတြကို ခ်ျပေလ့ရွိၿပီး ဇြဲမေလ်ာ့ပဲ ဆက္လက္တိုက္ပြဲဝင္ေတာ္လွန္ၾကဖို႔ မၾကာခဏ တိုက္တြန္းေလ့ရွိပါတယ္။ညီအကိုရင္းကဲ့သို႔ ခ်စ္ခင္ၾကတဲ့ ဟား ၅ေကာင္ညီအကိုေတြကေတာ့ အာဏာရွင္ကို ၿငိမ္းခ်မ္းစြာဆႏၵျပခဲ့တုန္းကလည္း အတူတူျဖစ္ၿပီး လြတ္ေျမာက္နယ္ေျမမွာလည္း ညီ အကိုေတြ အတူတူပဲ သင္တန္းတက္ေရာက္လ်က္ရွိၾက ပါတယ္။

ပထမအစမွာေတာ့ ဟား၅ေကာင္အဖြဲ႕ဟာ ညီအကို၅ေယာက္လုံး အတူတူ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိလာၾကတာမဟုတ္ပဲ ျပည္ေက်ာ္တစ္ေယာက္က သီးျခားေနရာမွာ ရွိေနခဲ့ပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ဟား၅ေကာင္ညီအကိုတစ္ေတြဟာ လြတ္ေျမာက္နယ္ေျမတစ္ခုမွာ အတူတူဆုံ စည္းသြားၿပီျဖစ္ေၾကာင္း တိုင္းေက်ာ္တစ္ေယာက္ သူရဲ့ လူမႈစာမ်က္ႏွာမွ တစ္ဆင့္ေဖာ္ျပလာခဲ့ပါၿပီး ျပည္သူ႔အတြက္ အားျဖစ္ပါေစ ဆိုၿပီး ညီကို ၅ေယာက္ရိုက္ထားတဲ့ ပုံေလး နဲ႔ အတူ မၽွေဝလာခဲ့ပါတယ္။

Credit – YaungChi

Source _ Taingkyaw’s Facebook