သရုပ္ေဆာင္ သားညီကေတာ့ အစ္ကိုျဖစ္သူ ေဒြးနဲ့ ရုပ္ရွင္ဗီဒီ ယိုဇာတ္ကားေတြ ရိုက္ကူးခဲ့စဥ္ကလည္း ပရိသတ္အားေပးမႈကို ရရိွပိုင္ဆိုင္ခဲ့သလို ေဒြးကြယ္လြန္သြားခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့ ေနရာတစ္ေနရာမွာ အခိုင္အမာရ ပ္တည္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ သရုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ သားညီက ေနာက္ပိုင္းမွာ ဒါရိုက္တာတစ္ေယာက္အျဖစ္ပါ ရုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးလာျပီး သူ့ရဲ့ အနုပညာအရည္အခ်င္းေတြကို တစ္ေန့ထက္တစ္ေ န့တိုးျမွင့္လို့လာတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ သားညီက သူတစ္ဖက္သတ္ Crush ရတဲ့ ဗီယက္နမ္မင္းသမီးေလး ငုရင္ထရန္ဟုရန္ေမရဲ႕ အာရံုစိုက္ျခင္းခံရလို့ ေပ်ာ္ရႊင္မဆံုးျဖစ္ေနေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။ သားညီက ဗီယက္နမ္မင္းသမီးေလး ငုရင္ထရန္ဟုရန္ေမရဲ့ ဒီကေန့ ဒီဇင္ဘာလ (၁၁) ရက္ေန့မွာ က်ေရာက္တဲ့ေမြးေန့အတြက္ ေဖ့စ္ဘုတ္စာမ်က္နွာ CB ကေန ေမြးေန့ ဆုေတာင္းစကားေျပာခဲ့ရာ ငုရင္ထရန္ဟုရန္ေမကလည္း သားညီကို ဂရုစိုက္စြာနဲ့ ေက်းဇူးတင္ေၾကာင္း တေလးတစားေျပာခဲ့တာပဲ ျဖစ္ပါတယ္။

ဗီယက္နမ္မင္းသမီးေလး ငုရင္ထရန္ ဟုရန္ေမကေတာ့ ျမန္မာျပည္မွာ အနုပညာလႈပ္ရွားမႈေတြ လာေရာက္ျပဳလုပ္ဖူးျပီး ေနတိုးနဲ့ “တိမ္တိုက္တံတား” ရုပ္ရွင္ဇာတ္ကားၾကီးမွာ အတူတူတြဲဖက္သရုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။ သားညီကေတာ့ သူတစ္ဖက္သတ္ၾကိဳက္ရတဲ့ မင္းသမီးဆီက တံု့ျပန္စကားတစ္ခြန္းရရိွခဲ့လို့ ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thar Nyi’s fb
Credit – Cele Connections

သရုပ်ဆောင် သားညီကတော့ အစ်ကိုဖြစ်သူ ဒွေးနဲ့ ရုပ်ရှင်ဗီဒီ ယိုဇာတ်ကားတွေ ရိုက်ကူးခဲ့စဉ်ကလည်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့သလို ဒွေးကွယ်လွန်သွားချိန်မှာတော့ အောင်မြင်တဲ့ နေရာတစ်နေရာမှာ အခိုင်အမာရ ပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ သားညီက နောက်ပိုင်းမှာ ဒါရိုက်တာတစ်ယောက်အဖြစ်ပါ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး သူ့ရဲ့ အနုပညာအရည်အချင်းတွေကို တစ်နေ့ထက်တစ်ေ န့တိုးမြှင့်လို့လာတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ သားညီက သူတစ်ဖက်သတ် Crush ရတဲ့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေရဲ့ အာရုံစိုက်ခြင်းခံရလို့ ပျော်ရွှင်မဆုံးဖြစ်နေကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ သားညီက ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေရဲ့ ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့အတွက် ဖေ့စ်ဘုတ်စာမျက်နှာ CB ကနေ မွေးနေ့ ဆုတောင်းစကားပြောခဲ့ရာ ငုရင်ထရန်ဟုရန်မေကလည်း သားညီကို ဂရုစိုက်စွာနဲ့ ကျေးဇူးတင်ကြောင်း တလေးတစားပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန် ဟုရန်မေကတော့ မြန်မာပြည်မှာ အနုပညာလှုပ်ရှားမှုတွေ လာရောက်ပြုလုပ်ဖူးပြီး နေတိုးနဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူတွဲဖက်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ သားညီကတော့ သူတစ်ဖက်သတ်ကြိုက်ရတဲ့ မင်းသမီးဆီက တုံ့ပြန်စကားတစ်ခွန်းရရှိခဲ့လို့ ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thar Nyi’s fb
Credit – Cele Connections