


Source: NanShweAye
Credit -CeleKhitThit

ပရိသတ်ကြီးရေဟန်လေးကတော့လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး စကားသံဝဲတဲတဲလေးနဲ့ ပရိသတ်ကိုဆွဲဆောင်ထားနိုင်သူလေး ဖြစ်တဲ့အပြင် အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်နေပြီလို့ဆိုရမှာပါ။Miss Universe myanmar (2015-2016 ) First Runner Up ဆုကိုလည်း ရရှိဖူးတဲ့သူတစ်ယောက်ပါ။

ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာရရှိထားရတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးပဲ ဖြစ်ပြီး MTV များစွာလည်း ရိုက်ကူးထားတဲ့ သူတစ်ယောက်ပါ။ အလှမယ်မင်းသမီးတစ်လက်ဖြစ်ပေမယ့် အချက်အပြုတ်ရေးရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့အပြင် မိသားစုကိုလည်းထောက်ပံ့​နိုင်တဲ့ အရမ်းကိုတော်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။

အမကြီးအမိရာဆိုသလိုပဲသူမရဲ့ တစ်ဦးတည်းသောမောင်လေးကို ဆယ်တန်းဖြေဖို့အတွက်အစစအရာရာထောက်ပံ့ခဲ့တာဖြစ်ပြီး သူမမောင်လေးဆယ်တန်းအောင်ကာ ဂုဏ်ထူးလည်းပါခဲ့တာကြောင့်အတိုင်းမသိဝမ်းသာနေခဲ့တာပါ။ ဒီနေ့ကျရောက်တဲ့ ဇန်နဝါရီ ၁၂ရက်နေ့ ကတော့ သူမရဲ့တစ်ဦးတည်းသောမောင်လေး ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပြီး ည၁၂နာရီကျော်တာနဲ့သတိတရမွေးနေ့ဆုတောင်းပေးခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: NanShweAye
Credit -CeleKhitThit