


Source : Zen Kyi
Credit; (Yaung Chi )

ရုပ်ရှင်တစ်ကားထဲ နဲ့ ပရိသတ်အသိမှတ်ပြုမှုနဲ့ အားပေးဝန်းရံမှုတို့ကို သိမ်းကြုံးရယူနိုင်ခဲ့တဲ့ ဇဏ်ခီကတော့ ကိုဗစ်ကာလမှာ သူ့ရဲ့အနုပညာအလုပ်တွေကို ခေတ္တအနားယူထား တာပါ ။ အနုပညာနဲ့ပတ်သက်လားရင် အားလုံးကို စိတ်ဝင်စား တဲ့ ဇဏ်ခီက အဆိုတော်၊တေးရေး၊ ဇာတ်ညွှန်းရေးဆရာတစ်ယောက် အဖြစ်လည်း လုပ်ဆောင်နေသလို စာရေးဆ ရာတစ်ယောက် အဖြစ် စာအုပ်တွေလည်း ထုတ်ဝေခဲ့ ပါသေးတယ် ။

ဇဏ်ခီရဲ့ ဇနီးဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီနာခီကတော့ ဒီစာအုပ်လေးက သားလေး Noah အတွက်ရည်ရွယ်ရေးသားခဲ့တာဖြစ်ပြီး Noahလေး က သူ့နာမည်ကိုကြည့်မဝ ဖြစ်နေခဲ့တယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။ ဒီစာအုပ်က ဇဏ်ခီရဲ့ ဒုတိယမြောက် စာအုပ်လေးဖြစ်ပြီး “စံ” လို့အမည်ပေးထားပါတယ် ။ ဒီစာအုပ်လေးကို ဇလပ်နီစာပေကနေ ရောင်းချပေးသွားမှာဖြစ်ပြီး Pre order တွေလည်း လက်ခံနေပြီလို့ သိရပါတယ် ။

Noah လေးနဲ့ ဇဏ်ခီလေးတို့ရဲ့ အမှတ်တရပုံရိ ပ်လေးတွေကိုလည်း ဒါရိုက်တာ ခရစ္စတီနာခီက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြပေးထားပါသေးတယ် ။ စာအုပ်အစပိုင်းမှာ သားလေး Noah အတွက်လို့ရေးသားထားပြီး အတွင်းပိုင်းမှာတော့ ပထမဆုံးနဲ့နောက်ဆုံးအချစ်အတွက်ဆိုတဲ့ စာသားလေးနဲ့အတူ သူ့ရဲ့ Sign လေးကို လည်း ထိုးထားတာတွေ့ရပါတယ် ။ ဇဏ်ခီရဲ့ ပရိသတ်ကြီးလည်း စံ ဆိုတဲ့ ဒုတိမြောက်စာအုပ်လေးကို အားပေးကြ ပါဦးနော် ။

Source : Zen Kyi
Credit; (Yaung Chi )