ပရိတ္သတ္ၾကီးေရ …..ေမာ္ဒယ္လ္ စူးရွထက္ကေတာ့ အႏုပညာနယ္ပယ္မွာ ပရိသတ္အားေပးခ်စ္ခင္မႈကို တစ္ခဲနက္ရရွိထားတဲ့ သူတစ္​ေယာက္ပါ။အလႉအတန္းေတြကို ရက္ေရာသူျဖစ္လို႔ ပရိသတ္ေတြသာမကပဲ အႏုပညာရွင္ အခ်င္းခ်င္းကပါ ေလးစားခ်စ္ခင္ရတဲ့ သူမက လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ေနစဥ္ဆက္တိုက္ဆိုသလို အလႉျပဳေနတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

စူးရွထက္က ေဖေဖာ္ဝါရီလ အစကတည္းက ေျပာင္းလဲခဲ့တဲ့ အေျခအေနေတြေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြကို ရပ္နားထားၿပီး ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ကာ လူထုလႈပ္ရွားမႈႀကီးမွာ တစ္တပ္တစ္အားအေနနဲ႔ ပါဝင္ခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္လည္း ယခုလို အေျခအေနေတြေၾကာင့္ အေနအထိုင္ အစားအေသာက္ ခက္ခဲေနၾကတဲ့ ျပည္သူအခ်ိဳ႕ကိုလည္း သူငယ္ခ်င္းေတြနဲ႔အတူ စုေပါင္းၿပီး လႉဒါန္းေလ့ရွိတာကို ေတြ႕ရပါတယ္။ဒီကေန႔ မတ္လ ၂၆ရက္ေန႔မွာလည္း စူးရွထက္က သူမရဲ့ Facebook Account ထက္မွာ အိမ္ေထာင္စု ၁၀၀ ေက်ာ္အတြက္ ဆန္ႏွစ္ျပည္နဲ႔ ဆီတစ္ဗူးစီ ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့တဲ့ ပုံေတြကို ေဝမၽွလာခဲ့ပါတယ္။

ေစတနာသဒၶါတရားထက္သန္စြာ ​လႉဒါန္းေနခဲ့တဲ့ သူမရဲ့ ပုံေတြအျပင္” အိမ္ေထာင္စု ၁၀၀ေက်ာ္အတြက္ ဆန္ႏွစ္ျပည္ဆီတစ္ဗူး ဒီေန႔အလႉေလး ပါဝင္လႉဒါန္းၾကတဲ့ ခ်စ္ေလးတို႔ကို သာဓု သာဓု သာဓုပါ ေနာက္ထပ္သြားလႉခ်င္ေသးလို႔ ပစၥည္းေတြထပ္ဝယ္ေနပါတယ္ ” ဆိုတဲ့ စာသားေလးကိုလည္း ေရးသားထားပါေသးတယ္။အခုလို အေျခအေနမ်ိဳးမွာ ျပည္သူေတြအတြက္ တတ္နိုင္သေလာက္ အလႉျပဳေပးေနတဲ့ စူးရွထက္ရဲ့ ပုံေတြနဲ႔ စာသားေတြကို ပရိသတ္ေတြထံ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

Credit :Celethatin

ပရိတ်သတ်ကြီးရေ …..မော်ဒယ်လ် စူးရှထက်ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိထားတဲ့ သူတစ်​ယောက်ပါ။အလှူအတန်းတွေကို ရက်ရောသူဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ လေးစားချစ်ခင်ရတဲ့ သူမက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ နေစဉ်ဆက်တိုက်ဆိုသလို အလှူပြုနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

စူးရှထက်က ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုကြီးမှာ တစ်တပ်တစ်အားအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်လည်း ယခုလို အခြေအနေတွေကြောင့် အနေအထိုင် အစားအသောက် ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး လှူဒါန်းလေ့ရှိတာကို တွေ့ရပါတယ်။ဒီကနေ့ မတ်လ ၂၆ရက်နေ့မှာလည်း စူးရှထက်က သူမရဲ့ Facebook Account ထက်မှာ အိမ်ထောင်စု ၁၀၀ ကျော်အတွက် ဆန်နှစ်ပြည်နဲ့ ဆီတစ်ဗူးစီ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ပုံတွေကို ဝေမျှလာခဲ့ပါတယ်။

စေတနာသဒ္ဓါတရားထက်သန်စွာ ​လှူဒါန်းနေခဲ့တဲ့ သူမရဲ့ ပုံတွေအပြင်” အိမ်ထောင်စု ၁ဝဝကျော်အတွက် ဆန်နှစ်ပြည်ဆီတစ်ဗူး ဒီနေ့အလှူလေး ပါဝင်လှူဒါန်းကြတဲ့ ချစ်လေးတို့ကို သာဓု သာဓု သာဓုပါ နောက်ထပ်သွားလှူချင်သေးလို့ ပစ္စည်းတွေထပ်ဝယ်နေပါတယ် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။အခုလို အခြေအနေမျိုးမှာ ပြည်သူတွေအတွက် တတ်နိုင်သလောက် အလှူပြုပေးနေတဲ့ စူးရှထက်ရဲ့ ပုံတွေနဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Credit :Celethatin

Leave a Comment

Your email address will not be published. Required fields are marked *