ပရိတ္သတ္ၾကီးေရ…..ယခုလက္ရွိမွာဆိုရင္ နိုင္ငံအတြက္အား ထားရမယ့္ ပညာတတ္ လူငယ္ေလးေတြ တစ္ေယာက္ၿပီး တစ္ေယာက္ေႂကြလြင့္ေနရ တာေၾကာင့္ ျပည္သူေတြကလည္း မိသားစုနဲ႔ထပ္တူ နာက်င္ခံစားေနရတာပဲ ျဖစ္ပါတယ္။မတ္လ(၁၄)ရက္ေန႔ကဆိုရင္ေတာ့ ေဆး(၁)မွာ ပထမႏွစ္တက္ေရာက္ေနတဲ့ ေမာင္ခန႔္ျငားဟိန္းက ဦးေခါင္းက်ည္ထိၿပီးက်ဆုံး သြားခဲ့တာျဖစ္ပါတယ္။ေမာင္ခန႔္ျငားဟိန္းရဲ့ေမေမကလည္း ဆရာဝန္ျဖစ္လာမယ့္ သားေလးကို ဆုံးရႈံးလိုက္ရလို႔ ရင္ကြဲမတက္ခံစားေနရတာျဖစ္ ပါတယ္။ေမာင္ခန႔္ျငားဟိန္းက မိသားစုထဲမွာ သားအႀကီးဆုံးျဖစ္ၿပီး မိဘေတြ အားကိုးရတဲ့ သားလိမၼာေလးျဖစ္ပါတယ္။

ေမာင္ခန႔္ျငားဟိန္းရဲ့ မိခင္ကေတာ့ ကိုးလလြယ္ၿပီး ဆယ္လဖြားခဲ့ရတဲ့ ပညာတတ္ သားေလးကို အၿပီးတိုင္စြန႔္လႊတ္လိုက္ရၿပီ ျဖစ္ပါတယ္။ေမာင္ခန႔္ျငားဟိန္းက်ဆုံးသြားၿပီးေနာက္မွာ ပုဂံေညာင္ဦးကအစ္မ တစ္ေယာက္ကို“ကၽြန္ေတာ္ခန႔္ျငားဟိန္းပါ ကၽြန္ေတာ္ကမားမားကို အရမ္းခ်စ္တယ္ ကၽြန္ေတာ္တစ္ေယာက္တည္း မသြားခ်င္ေသးဘူး မားမားနဲ႔တူတူသြားခ်င္တယ္ မားမားဝိဉာဥ္ကိုပါ ေခၚေပးပါ”ဆိုၿပီး စကားလာေျပာခဲ့တယ္လို႔ သိရပါတယ္။အသက္ငယ္ငယ္ေလးပဲရွိေသးတဲ့ ေမာင္ခန႔္ျငားဟိန္းကေတာ့ ဘာမွမသိလိုက္ခင္ အခ်ိန္မွာပဲ အသက္ေပးသြားခဲ့ရလို႔ မိခင္ရဲ့ရင္ခြင္ကို လြမ္းေနေလာက္ပါတယ္။

ေမာင္ခန႔္ျငားဟိန္းရဲ့ေမေမ ကလည္း “သားေလးအတြက္ အမွတ္တရေနရာ ခိုင္ခိုင္မာမာေလး ေက်ာင္းဝန္းထဲမွာ လုပ္ေပးေစခ်င္ပါတယ္ အန္တီ သတိရတိုင္း အဲ့ဒီေနရာေလးကိုသြားၾကည့္ခ်င္လို႔ပါ”ဆိုၿပီး ေတာင္းဆိုလာ ခဲ့တာျဖစ္ပါတယ္။ေမာင္ခန႔္ျငားဟိန္းရဲ့ မိခင္ကေတာ့ အစက အလႉေငြလက္မခံဘူးလို႔ စဥ္းစားထားေပမယ့္ အခုေတာ့ အလႉေငြအကုန္ လက္ခံၿပီး လိုအပ္တဲ့ေနရာ အကုန္လႉမွာျဖစ္ပါတယ္။ေမာင္ေလးခန႔္ျငားဟိန္းလည္း ေနာင္ဘဝဆက္တိုင္း ဘယ္ေတာ့မွ ဒီလိုအျဖစ္ဆိုးမ်ိဳးေတြနဲ႔ မၾကဳံေတြ႕ရဘဲ ေအးေအးခ်မ္းခ်မ္းေနထိုင္ ရပါေစလို႔ ဆုေတာင္းေပးရင္းျပန္လည္မၽွေဝေပးလိုက္ပါတယ္။.

Credit:celethatin

ပရိတ်သတ်ကြီးရေ…..ယခုလက်ရှိမှာဆိုရင် နိုင်ငံအတွက်အား ထားရမယ့် ပညာတတ် လူငယ်လေးတွေ တစ်ယောက်ပြီး တစ်ယောက်ကြွေလွင့်နေရ တာကြောင့် ပြည်သူတွေကလည်း မိသားစုနဲ့ထပ်တူ နာကျင်ခံစားနေရတာပဲ ဖြစ်ပါတယ်။မတ်လ(၁၄)ရက်နေ့ကဆိုရင်တော့ ဆေး(၁)မှာ ပထမနှစ်တက်ရောက်နေတဲ့ မောင်ခန့်ငြားဟိန်းက ဦးခေါင်းကျည်ထိပြီးကျဆုံး သွားခဲ့တာဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းရဲ့မေမေကလည်း ဆရာဝန်ဖြစ်လာမယ့် သားလေးကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတက်ခံစားနေရတာဖြစ် ပါတယ်။မောင်ခန့်ငြားဟိန်းက မိသားစုထဲမှာ သားအကြီးဆုံးဖြစ်ပြီး မိဘတွေ အားကိုးရတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။

မောင်ခန့်ငြားဟိန်းရဲ့ မိခင်ကတော့ ကိုးလလွယ်ပြီး ဆယ်လဖွားခဲ့ရတဲ့ ပညာတတ် သားလေးကို အပြီးတိုင်စွန့်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းကျဆုံးသွားပြီးနောက်မှာ ပုဂံညောင်ဦးကအစ်မ တစ်ယောက်ကို“ကျွန်တော်ခန့်ငြားဟိန်းပါ ကျွန်တော်ကမားမားကို အရမ်းချစ်တယ် ကျွန်တော်တစ်ယောက်တည်း မသွားချင်သေးဘူး မားမားနဲ့တူတူသွားချင်တယ် မားမားဝိဉာဉ်ကိုပါ ခေါ်ပေးပါ”ဆိုပြီး စကားလာပြောခဲ့တယ်လို့ သိရပါတယ်။အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ မောင်ခန့်ငြားဟိန်းကတော့ ဘာမှမသိလိုက်ခင် အချိန်မှာပဲ အသက်ပေးသွားခဲ့ရလို့ မိခင်ရဲ့ရင်ခွင်ကို လွမ်းနေေ လာက်ပါတယ်။

မောင်ခန့်ငြားဟိန်းရဲ့မေမေ ကလည်း “သားလေးအတွက် အမှတ်တရနေရာ ခိုင်ခိုင်မာမာလေး ကျောင်းဝန်းထဲမှာ လုပ်ပေးစေချင်ပါတယ် အန်တီ သတိရတိုင်း အဲ့ဒီနေရာလေးကိုသွားကြည့်ချင်လို့ပါ”ဆိုပြီး တောင်းဆိုလာ ခဲ့တာဖြစ်ပါတယ်။မောင်ခန့်ငြားဟိန်းရဲ့ မိခင်ကတော့ အစက အလှူငွေလက်မခံဘူးလို့ စဉ်းစားထားပေမယ့် အခုတော့ အလှူငွေအကုန် လက်ခံပြီး လိုအပ်တဲ့နေရာ အကုန်လှူမှာဖြစ်ပါတယ်။မောင်လေးခန့်ငြားဟိန်းလည်း နောင်ဘဝဆက်တိုင်း ဘယ်တော့မှ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံတွေ့ရဘဲ အေးအေးချမ်းချမ်းနေထိုင် ရပါစေလို့ ဆုတောင်းပေးရင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။.

Credit:celethatin

Leave a Comment

Your email address will not be published. Required fields are marked *