ပရိတ်သတ်ကြီးရေ…..အိစိကွေးကတော့ ကလေးသရုပ်ဆောင် ဘဝကနေ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ သူ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းမှာလည်း ကာရိုက်တာမျိုးစုံကို အပိုလိုမရှိအောင် သရုပ်ဆောင်နိုင်သူဆိုလည်းမမှားပါဘူးနော်။ဒါ့အပြင် အဆိုဘက်တွင် ပါရမီရှိသူ တစ်ယောက်ဖြစ်ပြီး သူသီဆိုတဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေထံ ဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ နယ်မြို့က ပြည်သူတစ်ချို့ထံ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွအား Speak Out မလုပ်ခဲ့တာကြောင့် အောင်လအန်ဆန်အားပရိသတ်တစ်ချို့က ဝေဖန်နေကြတာပါ။ဒီမနက်ပိုင်းတွင် ကျင်းပခဲ့တဲ့ Light Heavyweight ချန်ပီယံကာကွယ်ပွဲတွင်အောင်လအန်ဆန်တစ်ယောက် ရှုံနိမ့်ခဲ့တာကြောင့် အပြစ်တင်နေကြတာနဲ့ ပတ်သက်ပြီး မကြာသေးခင်နာရီပိုင်းလောက်က အိစိကွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ရေးသားပြောပြလာခဲ့တာဖြစ်ပါတယ်။

အောင်လဟာဆိုရင် Speak out မလုပ်လို့ ဒီလိုအချိန်မှာ နိင်ငံကိုယ်စားပြုပြီးပြိုင်လို့တို့ ရှုံးလို့တို့ ဆိုပြီး ဆဲကြတယ်။သူ speak out လုပ်ပေးတာပဲတကယ်ဆို တိုင်းရင်းသားတွေက ကိုယ်တွေထက်စောပြီး ရာစုနှစ်စာ ဒီဒဏ်တွေကို ခံစားခဲ့ရတာ ပါ။ သူတို့ဆို မိန်းကလေးကအစ တောထဲဝင် လက်နက်ကိုင်ခဲ့ကြတာ အရင်ကဆို တိုင်းရင်းသားတစ်ချို့ က ဗမာတွေကို အတူတူထင်ပြီး မုန်းခဲ့ကြတယ်။နောက်ပိုင်းမှ ပွင့်လင်းမြင်သာတဲ့ ခေတ်ရောက်မှ ဒီအမုန်းတရားတွေ ပျောက်သွားခဲ့ကြတာ ဒါတောင် ယုံကြည်မှုတွေ ပြန်တည်ဆောက်ရဦးမယ်။

အခုချိန်မှာ စည်းစည်းလုံးလုံးနဲ့ ယုံကြည်မှုတည်ဆောက်ရမယ့်အချိန် ဗျ တိုင်းရင်းသားတွေရဲ့ အကူအညီတွေ အများကြီးလိုတယ်။အချင်းချင်းတွေ မဆဲကြရအောင်ဗျာအကုန်လုံးက ဒီမြေမှာ မွေး ဒီရေကိုပဲ သောက်ကြရတာ သွေးချင်းညီအစ်ကိုတွေပါပဲ။မင်းဆရာကြီးလား မေးရင် ကျွန်တော် အိစိကွေး ဆရာကြီး မဟုတ်ဘူး အခုကာလမှာ ကိုယ်တိုင် တိုင်းရင်းသားတွေရဲ့ ရင်ထဲက စကားကို ကြားခဲ့ရလို့ပါ Brazil မှာ Democracy မရခင်ကဘောလုံးသမား Pele လည်း ကိုယ်စားပြုကစားပြီး နိင်ငံတကာရဲ့ attention ကို ရယူပြီး Brazil ပြည်သူတွေ အတွက် အားတစ်ခု ဖြစ်ခဲ့တယ်။

အဲ့တော့ အောင်လလည်း သူတတ်နိင်သလောက် လုပ်ပေးနေတာလို့ မြင်ပေးရအောင်ဗျာဘာပဲဖြစ်ဖြစ်ဗျာ လိုချင်တဲ့ Goal ကတစ်ခုတည်းပဲအချင်းချင်းစည်းလုံးရအောင်ဗျာ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ အားလုံးအတွက် အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့် အားလုံးစည်းလုံး ညီညွတ်မှသာ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အောင်မြင်သွားတဲ့အခါ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအတွက်လိုအပ်တဲ့အရာများကို ကူညီဖြည့်ဆည်းပေးသွားကြဖို့လည်း လိုအပ်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး ကိုအထူပင်ကျေးဇူးတင်ရှိပါတယ်နော်..။

Credit : Eisi Kway