



အဆိုတော်တစ်ယောက် လည်းဖြစ်သလို သရုပ်ဆောင်တစ်ယောာက်လည်းဖြစ်တဲ့ သိန်းလင်းစိုးကတော့ ပရိသတ်သိပြီးသား အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သိန်းလင်းစိုးက လက်ရှိမှာလည်း အစီအစဉ်တင်ဆက် သူတစ်ယောက်အဖြစ် လုပ်ကိုင်လာပြီး အရင်ကထက် ပရိသတ်တွေနဲ့အများကြီး နီးစပ်မှုရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ သိန်းလင်းစိုးကတော့ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ် အနုပညာအလုပ်တွေလုပ်ကိုင်နေလျက်ရှိပြီး လက်ရှိမှာလည်း Double Dating ဆိုတဲ့ အစီအစဉ်လေးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

Double Dating အစီအစဉ်လေးမှာ ပါဝင်နေတဲ့ သိန်းလင်းစိုးက ပရိသတ်တွေရဲ့ စနောက်ခြင်းကို ခံရသလို Double Dating အဖွဲ့သားတွေရဲ့ ကျီစယ်ခြင်းကိုလည်း မကြာခဏဆိုသလို ခံနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သိန်းလင်းစိုးက တစ်ကိုယ်တည်းအဖော်မဲ့နေတဲ့သူ့ကို ဝိုင်းပြီးလူလည်ကျကြတဲ့ စည်သူဝင်းနဲ့ သဇင်ထူးမြင့်အကြောင်း “သူများဖုန်းယူပြီး ဓာတ်ပုံရိုက်ကာ ဖုန်းပိုင်ရှင် Wallpaperအား ပြောင်းရန် ကြိုးစားသူ ၂ဦးအား မမျှော်လင့်ပဲ တွေ့လိုက်စဉ်” ဆိုပြီး သူ့အကြောင်းသူ ပြောလာပါတယ်။

သိန်းလင်းစိုးကတော့ Double Dating အစီအစဉ်မှာ စည်သူဝင်း၊ သဇင်ထူးမြင့်နဲ့ အောင်မင်းခန့်၊ ယွန်းယွန်းတို့ကို ဒိုင်လူကြီးလုပ်ပေးရတဲ့သူအဖြစ် ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တစ်ကိုယ်တည်းအဖော်မဲ့နေသူပီပီ လူလည်ပါကျခံရတဲ့ လူပျိုကြီး ကိုသိန်းအဖြစ်ကို သနားရခက်၊ ရယ်ရခက်ဖြစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: THEIN LINN SOE ‘s fb
Credit – Cele Connections