ပရိတ်သတ်ကြီးရေ….ပြည်သူချစ်အနုပညာရှင်မင်းသားတစ်လက်ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်နေတိုးဟာဆိုရင် ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ စွယ်စုံရမင်းသားတစ်လက်ဖြစ်တာကြောင့် အကယ်ဒမီထူးချွန်ဆုကြီးကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်နော်။လတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်လည်း မတရားမှုကိုတော်လှန်ဖို့အတွက် လမ်းပေါ်ထွက်ပြီးပြည်သူတွေနဲ့အတူဆန္ဒဖော်ထုတ်ခဲ့ကြတဲ့အနုပညာရှင်တွေထဲမှာ နေတိုးဟာဆိုရင်တစ်ယောက် အပါအဝင်ပဲဖြစ်ပါတယ်နော်။

မင်းသားချောနေတိုးကပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ပေးခဲ့ပေမယ့်လည်း လူတစ်ချို့ရဲ့ဝေဖန်မှုတွေကိုလည်းခံနေရပါသေးတယ်ပရိတ်သတ်ကြီးရေ။လက်ရှိမှာဆိုရင်မှာဆိုရင်လည်း နေတိုးရဲ့ Blue Mark ရရှိထားတဲ့ဖေ့စ်ဘုတ်အကောင့်ကပျက်သွားတာကြောင့် Page အသစ်တစ်ခုဖွင့်ပြီး အသုံးပြုနေတာပဲ ဖြစ်ပါတယ်နော်။နေတိုးကဝေဖန်မှုတွေကိုခံနေရပေမယ့်လည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြီး ပြည်သူလူထုတွေကိုအားပေးစကားပြောခဲ့တာကိုလည်းတွေ့မြင့်ခဲ့ရ ပါသေးတယ်။

ဒီကနေ့မှာဆိုရင်လည်းနေတိုးက ပရိတ်သတ်ကြီးကို အကြံပေးစကားတစ်ခုပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒါကတော့ “ခွဲခြားနေသမျှ ကွဲပြားနေဦးမှာပါပဲမကွဲပြားချင်ရင်မခွဲခြားဖို့က အရေးကြီးတယ်ပေါ့ အားလုံးသွားရမယ့်လမ်း အတူတူပါပဲ NT…” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားလာခဲ့တာပဲဖြစ်ပါတယ်။နေတိုးခုလိုရေးသားခဲ့တဲ့အပေါ်ပရိတ်သတ်တွေရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအုံးနော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိ ပါတယ်..။

Source ; Nay Toe 2021 Officially FB Page

Credit ; Celebrity Platforms




