မင္းသားေခ်ာ ေနတိုးကေတာ့ ငယ္စဥ္ကေလးဘဝ ရခိုင္ျပည္နယ္ မာန္ေအာင္ျမိဳ့မွာေနထိုင္စဥ္ကတည္းက အနုပညာကို စြဲစြဲလန္းလန္း ဝါသနာပါခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ေနတိုးက သီခ်င္းဗီစီဒီေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့ရင္း တျဖည္းျဖည္းနာမည္ၾကီးလာခဲ့ရာ ထိပ္တန္းမင္းသားဆိုတဲ့ေနရာကို ေရာက္ရိွလာခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရိွမွာေတာ့ ေနတုိးက အသက္ေလးဆယ္နီးပါးအရြယ္ေရာက္ရိွေနျပီျဖစ္ေပမယ့္ အိမ္ေထာင္ေရးကို မစဥ္းစားေသးပဲ ပရိသတ္ေတြအတြက္ မရိုးနိုင္တဲ့ အနုပညာလႈပ္ရွားမႈေတြကို ခ်ျပေနဆဲ ျဖစ္ပါတယ္။

“မိုးညအိမ္မက္ျမဴ”၊ “နကၡတ္မွားတဲ့တိုက္ပြဲ”၊ “တာေတၾကီး” စတဲ့ ရုပ္ရွင္ဇာတ္ကားေတြနဲ့ အကယ္ဒမီဆုၾကီးသံုးဆုရရိွထားတဲ့ ေနတိုးက ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္မွာလည္း Myanmar’s Pride Awards 2019 Winner of Best in Film ဆုကို ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ေနတိုးက မၾကာခင္ က်င္းပေတာ့မယ့္ Myanmar’s Pride Awards 2020 နဲ့ ပက္သတ္ျပီး အခုလိုပဲ ေျပာလာပါတယ္။

“တတိယအႀကိမ္ေျမာက္ Myanmar’s Pride Awards 2020 ကို ကိုယ္စားျပဳခြင့္ရတဲ့အတြက္ ဝမ္းသာဂုဏ္ယူ ပါတယ္။ Myanmar’s Pride Awards ရဲ႕ ထူးျခားခ်က္ကေတာ့ ႏိုင္ငံတကာနဲ႔ ရင္ေဘာင္တန္းႏိုင္တဲ့ ထူးခြၽန္သူ ျမန္မာျပည္ဖြားေတြကို ေဖာ္ထုတ္ဂုဏ္ျပဳေနတဲ့ ဆုေပးအပ္ေရး အစီအစဥ္တစ္ခုျဖစ္ပါတယ္။ ဒီႏွစ္မွာ နယ္ပယ္ ၆ ခုက “ေ႐ႊျမန္မာတို႔ရဲ႕ အေကာင္းဆုံး ဂုဏ္ယူဖြယ္ရာ” ထူးခြၽန္သူေတြကို ဂုဏ္ျပဳၾကမွာျဖစ္လို႔ အခ်ိန္မဆိုင္းပဲ ကိုယ္ႏွစ္သက္ၿပီးေလးစားအားက်ရတဲ့သူေတြကို ဆႏၵမဲေပးၿပီးအားေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ေျပာလာပါတယ္။

ေနတိုးကေတာ့ Myanmar’s Pride Awards 2019 ဆုကို ရရိွခဲ့ျပီး ဒီနွစ္မွာလည္း နယ္ပယ္အသီးသီးက ထူးခြ်န္သူေတြကို ဆုခ်ီးျမွင့္ေပးအပ္မယ့္ Myanmar’s Pride Awards 2020 အတြက္ ရင္ခုန္ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Toe’s fb
Credit– Cele Connections

မင်းသားချော နေတိုးကတော့ ငယ်စဉ်ကလေးဘဝ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာနေထိုင်စဉ်ကတည်းက အနုပညာကို စွဲစွဲလန်းလန်း ဝါသနာပါခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နေတိုးက သီချင်းဗီစီဒီတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရင်း တဖြည်းဖြည်းနာမည်ကြီးလာခဲ့ရာ ထိပ်တန်းမင်းသားဆိုတဲ့နေရာကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေတိုးက အသက်လေးဆယ်နီးပါးအရွယ်ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြနေဆဲ ဖြစ်ပါတယ်။

“မိုးညအိမ်မက်မြူ”၊ “နက္ခတ်မှားတဲ့တိုက်ပွဲ”၊ “တာတေကြီး” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုကြီးသုံးဆုရရှိထားတဲ့ နေတိုးက ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာလည်း Myanmar’s Pride Awards 2019 Winner of Best in Film ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေတိုးက မကြာခင် ကျင်းပတော့မယ့် Myanmar’s Pride Awards 2020 နဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။

“တတိယအကြိမ်မြောက် Myanmar’s Pride Awards 2020 ကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူ ပါတယ်။ Myanmar’s Pride Awards ရဲ့ ထူးခြားချက်ကတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ထူးချွန်သူ မြန်မာပြည်ဖွားတွေကို ဖော်ထုတ်ဂုဏ်ပြုနေတဲ့ ဆုပေးအပ်ရေး အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒီနှစ်မှာ နယ်ပယ် ၆ ခုက “ရွှေမြန်မာတို့ရဲ့ အကောင်းဆုံး ဂုဏ်ယူဖွယ်ရာ” ထူးချွန်သူတွေကို ဂုဏ်ပြုကြမှာဖြစ်လို့ အချိန်မဆိုင်းပဲ ကိုယ်နှစ်သက်ပြီးလေးစားအားကျရတဲ့သူတွေကို ဆန္ဒမဲပေးပြီးအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

နေတိုးကတော့ Myanmar’s Pride Awards 2019 ဆုကို ရရှိခဲ့ပြီး ဒီနှစ်မှာလည်း နယ်ပယ်အသီးသီးက ထူးချွန်သူတွေကို ဆုချီးမြှင့်ပေးအပ်မယ့် Myanmar’s Pride Awards 2020 အတွက် ရင်ခုန်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Toe’s fb
Credit– Cele Connections
CREDITS: This converter is contributed and powered by Parabaik Myanmar Text converter.
To get help to upgrade to Myanmar Unicode, please see http://www.unicode.today