


Source- ChawYadanar
Credit -CeleGabar

ပရိသတ်ကြီးရေ ချောရတနာကတော့ ကာရာအိုကေ ခေတ်ထဲက တေးစီးရီးတွေမှာ သရုပ်ဆောင်အနေနဲ့ ပရိသတ်တွေသတိထားမိလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်လို့လည်း ဆိုရမှာပါ။ နာမည်နဲ့လိုက်အောင် ချောမောလှပတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး တစ်သားမွေးတစ်သွေးလှတယ်လို့ ဆိုရလောက်အောင်နုပျိုလှပနေတဲ့သူပါ။

ဇာတ်ဆောင်ကာရိုက်တာတွေမှာသာမက ဇာတ်ပို့နေရာတွေမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်တတတ်တဲ့သူမကတော့ ” ဥ ” ဇာတ်ကားမှာ စိတ်မနှံ့တဲ့ ဇာတ်ပို့နေရာကနေ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။လတ်တလောမှာလည်း သူမအနေနဲ့ Live saleလေးတွေ ပြုလုပ်လျက်ရှိနေတာပါ။

ဒီနေ့မှာတော့” တချို့ လူတွေ သူများအပြစ်ပဲထိုင်ပြော ဖို့လုပ်နေတဲ့အချိန် တချို့ ကိုယ်လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့အမြဲကြိုးစားနေကြတယ် ” ဆိုတဲ့စာလေးနဲ့သူမ​ကြုံတွေ့ရတဲ့လူတွေရဲ့သဘောကို ရင်ဖွင့်ပြောပြလာတာ ပါ။ ပရိသတ်တွေလည်း ချောရတနာပြောတာကိုထောက်ခံရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source- ChawYadanar
Credit -CeleGabar