ပရိတ္သတ္ၾကီးေရ အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ရပ္တည္ေနၾကတဲ့ အႏုပညာရွင္ေတြဟာ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ေန႔စဥ္နဲ႔အမၽွ အားမေလ်ာ့ဘဲ ရပ္တည္ကာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္လ်က္ရွိေနတာကို အားလုံးျမင္ေတြ႕ရမွာပါေနာ္။

အခုလည္း ခင္ဝင့္ဝါဟာ သူငယ္ခ်င္းေတြနဲ႔အတူစုေပါင္းၿပီးေတာ္လွန္ေရးမွာေႂကြလြင့္ခဲ့တဲ့ ေတာင္တြင္းႀကီးၿမိဳ႕နယ္က သူရဲေကာင္းေနာင္ေနာင္နဲ႔ က်ည္ထိလူနာ (၁၂)ေယာက္အတြက္အလႈေငြမ်ားလႉဒါန္းခဲ့ေၾကာင္းပုံေလးေတြနဲ႔တကြ အလႉအေၾကာင္းအရာေလးကိုေရးသားကာခုလိုေဖာ္ျပခဲ့ပါတယ္။

” ကၽြန္မတို႔ သူငယ္ခ်င္းမိတ္ေဆြမ်ားနဲ႔ ေစတနာရွင္ျပည္သူမ်ား၊ ပရိသတ္မ်ား ရဲ့ စုေပါင္း လႉဒါန္းေငြမ်ားထဲမွ ေတာင္တြင္းႀကီး ၿမိဳ႕နယ္ ဆတ္သြားအမွတ္(၅) ရပ္ကြက္က က်ဆုံးသြားတဲ့ အာဇာနည္ ေမာင္ေလး ေနာင္ေနာင္ (ခ) ေမာင္သီဟေဇာ္ ကို ဆက္သြယ္ ေပးအပ္ခဲ့ပါတယ္…ဒီေန႔မွာလည္း အရိုးခြဲစိတ္ကုသေဆာင္ မွ ( ၆ )ဦး ႏွင့္ ခြဲစိတ္ကုသေဆာင္မွ ( ၆ )ဦးက်ည္ထိလူနာ စုစုေပါင္း (၁၂) ဦး အတြက္လည္း ေဆးကုသရန္ သြားေရာက္ေပးအပ္ခဲ့ပါတယ္ ရွင္…ေနာက္ရက္ေတြမွာလည္း ရန္ကုန္ နဲ႔ နယ္အသီးသီးရွိ မလႉရေသးေသာသူမ်ားထံ ဆက္သြယ္လႉဒါန္းသြားမွာ ျဖစ္ပါတယ္ …သြားေရး လာေရး အခက္အခဲ နဲ႔ ဆက္သြယ္ေရးအခက္အခဲမ်ားေၾကာင့္ အနည္းငယ္ၾကန႔္ၾကာေနရျခင္းကိုလည္း နားလည္ခြင့္လႊတ္ေပးပါ ရွင့္…တတ္အားသေရြ႕ ပါဝင္လႉဒါန္းလိုသူမ်ားလည္း ဆက္သြယ္နိုင္ပါတယ္ …ပါဝင္လႉဒါန္းၾကသူ အားလုံးကိုလည္း ေက်းဇူးအထူးတင္ရွိပါတယ္ရွင္…။

Credit- Cele Zone
Photo – Khin Wint Wah

ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်တွေဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

အခုလည်း ခင်ဝင့်ဝါဟာ သူငယ်ချင်းတွေနဲ့အတူစုပေါင်းပြီးတော်လှန်ရေးမှာကြွေလွင့်ခဲ့တဲ့ တောင်တွင်းကြီးမြို့နယ်က သူရဲကောင်းနောင်နောင်နဲ့ ကျည်ထိလူနာ (၁၂)ယောက်အတွက်အလှုငွေများလှူဒါန်းခဲ့ကြောင်းပုံလေးတွေနဲ့တကွ အလှူအကြောင်းအရာလေးကိုရေးသားကာခုလိုဖော်ပြခဲ့ပါတယ်။

” ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေများနဲ့ စေတနာရှင်ပြည်သူများ၊ ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများထဲမှ တောင်တွင်းကြီး မြို့နယ် ဆတ်သွားအမှတ်(၅) ရပ်ကွက်က ကျဆုံးသွားတဲ့ အာဇာနည် မောင်လေး နောင်နောင် (ခ) မောင်သီဟဇော် ကို ဆက်သွယ် ပေးအပ်ခဲ့ပါတယ်…ဒီနေ့မှာလည်း အရိုးခွဲစိတ်ကုသဆောင် မှ ( ၆ )ဦး နှင့် ခွဲစိတ်ကုသဆောင်မှ ( ၆ )ဦးကျည်ထိလူနာ စုစုပေါင်း (၁၂) ဦး အတွက်လည်း ဆေးကုသရန် သွားရောက်ပေးအပ်ခဲ့ပါတယ် ရှင်…နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ် …သွားရေး လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါ ရှင့်…တတ်အားသရွေ့ ပါဝင်လှူဒါန်းလိုသူများလည်း ဆက်သွယ်နိုင်ပါတယ် …ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်…။

Credit- Cele Zone
Photo – Khin Wint Wah