ပရိတ္သတ္ၾကီးေရ ခုဆိုရင္ျမန္မာနိုင္ငံရဲ့ေတာ္လွန္ေရးတိုက္ပြဲႀကီးဟာ အင္အားႀကီးမားလာသလို အပစ္အခတ္ေတြ ျပင္းျပင္းထန္ထန္ၾကဳံေတြ႕ေနရတာျဖစ္ပါတယ္။ ေန႔စဥ္ေန႔တိုင္းျပည္သူေတြဟာဖမ္းဆီးခံရသလို က်ည္ထိမွန္ကာဒဏ္ရာရရွိမႈေတြအျပင္ အသက္ဆုံးရႈံးရျခင္းေတြကိုပါရင္ဆိုင္ေနရတာေၾကာင့္ အားလုံးက စိတ္ေသာကေရာက္ကာ ပူပန္ေနၾကရတာလည္းျဖစ္ပါတယ္။

အႏုပညာရွင္ေတြကလည္း တတ္အားသေရြ႕ ျပည္သူေတြနဲ႔အတူပါဝင္အားျဖည့္ေနတာလည္းျဖစ္ပါတယ္။အခုလည္း ခါရာဟာ ကြယ္လြန္သြားတဲ့ ဦးခင္ေမာင္လတ္နဲ႔ပတ္သက္ၿပီး ဝမ္းနည္းေၾကကြဲေၾကာင္းစာေလးကိုေရးသားေဝမၽွလာတာျဖစ္ပါတယ္။စာေလးကေတာ့ ” တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္ၾကတဲ့ ကၽြန္ေတာ္တို႔ေတြကို ဒီလိုမတရားဖိႏွိပ္မႈေတြ၊ ညႇင္းပန္းႏွိပ္စက္မႈေတြ လုပ္ေနတာေတြ ခ်က္ခ်င္းရပ္ေပးပါ။ယုံၾကည္ကိုးကြယ္မႈေတြမတူၾကေပမယ့္ ကၽြန္ေတာ္တို႔က ဒီနိုင္ငံရဲ့ျပည္သူေတြပါ။

ဒီေန႔ဆို ကၽြန္ေတာ္တို႔ ျပည္သူေတြထဲက အစၥလာမ္ဘာသာဝင္ ဦးခင္ေမာင္လတ္ဟာ ဖမ္းဆီးထိန္းသိမ္းခံထားရစဥ္ ညႇင္းပန္းႏွိပ္စက္ခံရလို႔ အသက္ဆုံးရႈံးသြားခဲ့ရပါတယ္။တန္ဖိုးရွိတဲ့အသက္ေတြကို ဒီထက္ပိုၿပီး မေပးဆပ္ပါရေစနဲ႔။ အိမ္ျပန္မလာနိုင္ေတာ့တဲ့သူေတြအတြက္ ဝမ္းနည္းေၾကကြဲေနရတဲ့မိသားစုေတြ ထပ္မရွိေစခ်င္ေတာ့ပါဘူးဗ်ာ။အာဏာရွင္လူတစ္စုေၾကာင့္ အသက္ဆုံးရႈံးသြားရတဲ့ အစၥလာမ္ဘာသာဝင္ ဦးခင္ေမာင္လတ္ အတြက္ မိသားစုနဲ႔ထပ္တူ ဝမ္းနည္းေၾကကြဲရပါတယ္။ “ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Khar Ra

ပရိတ်သတ်ကြီးရေ ခုဆိုရင်မြန်မာနိုင်ငံရဲ့တော်လှန်ရေးတိုက်ပွဲကြီးဟာ အင်အားကြီးမားလာသလို အပစ်အခတ်တွေ ပြင်းပြင်းထန်ထန်ကြုံတွေ့နေရတာဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်းပြည်သူတွေဟာဖမ်းဆီးခံရသလို ကျည်ထိမှန်ကာဒဏ်ရာရရှိမှုတွေအပြင် အသက်ဆုံးရှုံးရခြင်းတွေကိုပါရင်ဆိုင်နေရတာကြောင့် အားလုံးက စိတ်သောကရောက်ကာ ပူပန်နေကြရတာလည်းဖြစ်ပါတယ်။

အနုပညာရှင်တွေကလည်း တတ်အားသရွေ့ ပြည်သူတွေနဲ့အတူပါဝင်အားဖြည့်နေတာလည်းဖြစ်ပါတယ်။အခုလည်း ခါရာဟာ ကွယ်လွန်သွားတဲ့ ဦးခင်မောင်လတ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲကြောင်းစာလေးကိုရေးသားဝေမျှလာတာဖြစ်ပါတယ်။စာလေးကတော့ ” တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြတဲ့ ကျွန်တော်တို့တွေကို ဒီလိုမတရားဖိနှိပ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ လုပ်နေတာတွေ ချက်ချင်းရပ်ပေးပါ။ယုံကြည်ကိုးကွယ်မှုတွေမတူကြပေမယ့် ကျွန်တော်တို့က ဒီနိုင်ငံရဲ့ပြည်သူတွေပါ။

ဒီနေ့ဆို ကျွန်တော်တို့ ပြည်သူတွေထဲက အစ္စလာမ်ဘာသာဝင် ဦးခင်မောင်လတ်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ညှင်းပန်းနှိပ်စက်ခံရလို့ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။တန်ဖိုးရှိတဲ့အသက်တွေကို ဒီထက်ပိုပြီး မပေးဆပ်ပါရစေနဲ့။ အိမ်ပြန်မလာနိုင်တော့တဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲနေရတဲ့မိသားစုတွေ ထပ်မရှိစေချင်တော့ပါဘူးဗျာ။အာဏာရှင်လူတစ်စုကြောင့် အသက်ဆုံးရှုံးသွားရတဲ့ အစ္စလာမ်ဘာသာဝင် ဦးခင်မောင်လတ် အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ “ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Khar Ra

Leave a Comment

Your email address will not be published. Required fields are marked *