ျမန္မာနိုင္ငံမွာ ေဖေဖာ္ဝါရီ တစ္ရက္ေန႔ထဲက စတင္ခဲ့တဲ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးဟာခုဆိုရင္ ပစ္ခတ္မႈေတြနဲ႔ၾကဳံေတြ႕ေနရတာေၾကာင့္ အသက္ေပးသြားရသူေတြလည္းမနည္းသလို ဒဏ္ရာရရွိသူေတြလည္း တစ္ရက္ထက္တစ္ရက္မ်ားျပားလ်က္ရွိပါတယ္။လူငယ္ေတြကလည္း ယုံၾကည္ခ်က္ေတြအတြက္ မိမိတို႔အသက္ဆုံးရႈံးမွာကို မေၾကာက္ဘဲ ဒီေန႔ထိ တိုက္ပြဲဝင္ေနၾကတာလည္းျဖစ္ပါတယ္။

အမ်ားစုဟာ လူငယ္ေတြျဖစ္တာေၾကာင့္ ေရွ႕တန္းကေန အားမာန္အျပည့္နဲ႔ဆႏၵထုတ္ေဖာ္ေနတဲ့ သူတို႔ေလးေတြအတြက္ မိသားစုေတြကလည္း စိတ္ပူပန္စြာအိမ္အျပန္လာကိုေစာင့္ေနၾကတာလည္းေတြ႕ျမင္ရပါတယ္။လမ္းေပၚကျပည္သူျပည္သားေတြကလည္း အားလုံးဝိုင္းကူကာ ရရာေနရာကေန စုေပါင္းကူညီေပးသလို အစားအေသာက္ကအစ ပံ့ပိုးေပးေနၾကတာလည္းတကယ္ကို ၾကည္ႏူးပီတိျဖစ္စရာပါ။

ဒီလိုတိုက္ပြဲဝင္ရင္းက်ဆုံးသြားတဲ့ သူရဲေကာင္းေတြကိုလည္း အႏုပညာရွင္ေတြကဝိုင္းဝန္းစုေပါင္းၿပီး အလႉေငြလႉဒါန္းေပးကာ သူတို႔ကိုယ္တိုင္ကလည္း သြားေရာက္အားေပးႏွစ္သိမ့္ခဲ့ၾကတာပါ။ခုလည္းေမပန္းခ်ီက မိတ္ေဆြေတြနဲ႔စုေပါင္းၿပီး ေရွ႕တန္းကေန တိုက္ပြဲဝင္ရင္း က်ဆုံးသြားတဲ့ေမာင္ခ်စ္မင္းအား ေငြက်ပ္ သိန္း (၂၀) နဲ႔ (၄၀၀၀၀) ကိုကိုယ္တိုင္သြားေရာက္လႉဒါန္းရင္း က်န္ရစ္သူမိသားစုကို အားေပးႏွစ့္သိမ့္ခဲ့ရာ ပရိသတ္ႀကီးအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – May Panche

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ တစ်ရက်နေ့ထဲက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးဟာခုဆိုရင် ပစ်ခတ်မှုတွေနဲ့ကြုံတွေ့နေရတာကြောင့် အသက်ပေးသွားရသူတွေလည်းမနည်းသလို ဒဏ်ရာရရှိသူတွေလည်း တစ်ရက်ထက်တစ်ရက်များပြားလျက်ရှိပါတယ်။လူငယ်တွေကလည်း ယုံကြည်ချက်တွေအတွက် မိမိတို့အသက်ဆုံးရှုံးမှာကို မကြောက်ဘဲ ဒီနေ့ထိ တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါတယ်။

အများစုဟာ လူငယ်တွေဖြစ်တာကြောင့် ရှေ့တန်းကနေ အားမာန်အပြည့်နဲ့ဆန္ဒထုတ်ဖော်နေတဲ့ သူတို့လေးတွေအတွက် မိသားစုတွေကလည်း စိတ်ပူပန်စွာအိမ်အပြန်လာကိုစောင့်နေကြတာလည်းတွေ့မြင်ရပါတယ်။လမ်းပေါ်ကပြည်သူပြည်သားတွေကလည်း အားလုံးဝိုင်းကူကာ ရရာနေရာကနေ စုပေါင်းကူညီပေးသလို အစားအသောက်ကအစ ပံ့ပိုးပေးနေကြတာလည်းတကယ်ကို ကြည်နူးပီတိဖြစ်စရာပါ။

ဒီလိုတိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ သူရဲကောင်းတွေကိုလည်း အနုပညာရှင်တွေကဝိုင်းဝန်းစုပေါင်းပြီး အလှူငွေလှူဒါန်းပေးကာ သူတို့ကိုယ်တိုင်ကလည်း သွားရောက်အားပေးနှစ်သိမ့်ခဲ့ကြတာပါ။ခုလည်းမေပန်းချီက မိတ်ဆွေတွေနဲ့စုပေါင်းပြီး ရှေ့တန်းကနေ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့မောင်ချစ်မင်းအား ငွေကျပ် သိန်း (၂၀) နဲ့ (၄၀၀၀၀) ကိုကိုယ်တိုင်သွားရောက်လှူဒါန်းရင်း ကျန်ရစ်သူမိသားစုကို အားပေးနှစ့်သိမ့်ခဲ့ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – May Panche

Leave a Comment

Your email address will not be published. Required fields are marked *