


Source – Ye Lay Ma
Credit:Cele Zone

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ရုပ်ရှင်နဲက ဗီဒီယို ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ရဲလေးမ ကတော့ အမြဲတမ်းလိုလို လမ်းမှာတွေ့တဲ့ ချို့တဲ့သူတွေကို ကူညီပေးလေ့ရှိတဲ့ သူတစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံနေရတဲ့ သူတစ်ယောက်ပါ။ သူကိုယ်တိုင်က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ သူတစ်ယောက်ဖြစ်ပေမဲ့လည်း တတ်နိုင်သလောက် အမြဲတမ်းလိုလို ကူညီပေးလေ့ရှိပါ တယ်။

အလုပ်ကိစ္စတွေနဲ့ ခရီးတွေ ထွက်တဲ့ အချိန်မှာတောင် လမ်းမှာတွေ့တဲ့ အကူညီ လိုအပ်နေတဲ့သူတွေကို အမြဲလိုလို ကာလဒါန အနေနဲ့ တတ်နိုင်သလောက် လှူဒါန်းပေးတဲ့အထိကို စေတနာသဒ္ဓါတရားထက်သန်လှသူပါ။ အခုတစ်ခေါက်မှာလည်း ရဲလေးမက မန္တလေးကို ရောက်နေတုန်း ထမင်းဆိုင်မှာ ထမင်းစားနေရာကနေ ဆိုင်ရှေ့မှာတွေ့တဲ့ သနားစရာအမေအိုကြီးကို တတ်နိုင်သလောက်အလှူငွေတွေ လှူဒါန်းပေးလိုက်ပြန်ပါ တယ်။

ရဲလေးမက ဒီလိုကာလမှာ ခက်ခဲကြမ်းတမ်းတဲ့ ဒီလိုကာလမှာ သက်ကြီးရွယ်အို အဖိုးအဖွားတွေ အဖို့ ပိုပြီး ခက်ခဲပင်ပန်းမှာမို့ မရှိရှိတဲ့ အထဲက လှူခဲ့ပြီးအဖွားကိုလည်း အားပေးနှစ်သိမ စကားတွေပါပြောပေးခဲ့ ပါသေးတယ်တဲ့။ပရိသတ်ကြီးရေ ရဲလေးမရဲ့အလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ မျှဝေဖော်ပြပေး လိုက်ပါ တယ်နော်။

Source – Ye Lay Ma
Credit:Cele Zone