ပရိတ္သတ္ရဲ႕ အခ်စ္ေတာ္ မင္းသမီးေခ်ာေလး မိုးယုစံဟာဆိုရင္ က်ရာဇာတ္႐ုပ္ကို ပီျပင္ပိုင္ႏိုင္စြာသ႐ုပ္ေဆာင္ႏိုင္တဲ့ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ၿပီး အႏုပညာအလုပ္ေတြအေပၚမွာ တာဝန္ေက်ပြန္ခဲ့သူ ျဖစ္ပါတယ္ ။ မိုးယုစံက အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာလည္း အႏုပညာလႈပ္ရွားမႈေတြကို ပုံမွန္လုပ္ေဆာင္ခဲ့တဲ့ မိုးယုစံကို ပရိသတ္ေတြကလည္း အရမ္းခ်စ္ခင္အားေပးၾကတာ ျဖစ္ပါတယ္ ။ သားေလးတစ္ေယာက္ ပိုင္ဆိုင္ထားရတဲ့ မိုးယုစံက အခုဆိုရင္ေတာ့ ကေလးႏွစ္ေယာက္ေမေမဘဝကို ေရာက္ရွိသြားၿပီပဲ ျဖစ္ပါတယ္။

မိုးယုစံက ဒုတိယေျမာက္ရင္ေသြးေလးကို ကိုယ္ဝန္လြယ္ထားရၿပီး မေန႕ကပဲ ရန္ကုန္ၿမိဳ႕က “Grand Hantha” ေဆး႐ုံႀကီးမွာ ကေလးေမြးခဲ့တာ ျဖစ္ပါတယ္ ။ေမေမမိုးယုစံဟာဆိုရင္ အရမ္းကိုခ်စ္စရာေကာင္းတဲ့ သားရတနာေလးကို အခက္ခဲမရွိေအာငါေအာင္ျမင္ျမင္နဲ႕ေမြးဖြားႏိုင္ခဲ့တာပဲျဖစ္ပါတယ္ေနာ္။ရင္ကတည္းက Kelvin လို႔ ခ်စ္စနိုးနဲ႔နာမည္ေပးထားတဲ့ မိုးယုစံရဲ့သားေလးကေတာ့ အရမ္းထူးျခတဲ့(၂၂၂၂၂) ေန႔မွာ လူ႔ေလာကထဲကို ေရာက္ရွိလာခဲ့တဲ့ ကေလးေလးပဲ ျဖစ္ပါတယ္ ။

ယခုအခါမွာလည္း မိုးယုစံက “သားငယ္ေလး မာမီတို႔ဘဝထဲေရာက္လာပါၿပီ ဒီေန႔ကေတာ့ (၂၂၂၂၂)ေန႔ဆိုေတာ့ မွတ္မွတ္ရရပါပဲ ❤️ အားလုံးလည္း ေဘးအႏၲရာယ္ကင္းေဝးၾကပါေစ 🙏” ဆိုၿပီး ပုံေလးေတြကို တင္ေပးထားတာ ျဖစ္ပါတယ္ ။ ကိုယ္ဝန္လြယ္ထားရတာေၾကာင့္ လူထုလႈပ္ရွားမႈေတြမွာ မပါဝင္နိုင္ခဲ့ရတဲ့ မိုးယုက ျပည္သူေတြအတြက္ အသုံးဝင္မယ့္ အခ်က္ျပနည္းေတြကို မၽွေဝေပးခဲ့သလို အခုလည္း အားလုံးအႏၲရာယ္ကင္းနိုင္ဖို႔ ဆုေတာင္းေပးထားတာ ျဖစ္ပါတယ္ ။ (၂၂၂၂၂) ေန႔မွာ ေမြးဖြားခဲ့တဲ့ မိုးယုစံရဲ့ဒုတိယေျမာက္သားေလး Kelvin ရဲ့ခ်စ္စရာပုံရိပ္ေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္။ဖတ္ရႈေပးတဲ့ပရိတ္သတ္ႀကီးကို အထူးပဲေက်းဇူးတင္ရွိပါတယ္ေနာ္…။

Source & Photo Credit -Moe Yu San’s FB Acc
Credit ; MMLoad

ပရိတ်သတ်ရဲ့ အချစ်တော် မင်းသမီးချောလေး မိုးယုစံဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေအပေါ်မှာ တာဝန်ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။ မိုးယုစံက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်လုပ်ဆောင်ခဲ့တဲ့ မိုးယုစံကို ပရိသတ်တွေကလည်း အရမ်းချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။ သားလေးတစ်ယောက် ပိုင်ဆိုင်ထားရတဲ့ မိုးယုစံက အခုဆိုရင်တော့ ကလေးနှစ်ယောက်မေမေဘဝကို ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။

မိုးယုစံက ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီး မနေ့ကပဲ ရန်ကုန်မြို့က “Grand Hantha” ဆေးရုံကြီးမှာ ကလေးမွေးခဲ့တာ ဖြစ်ပါတယ် ။မေမေမိုးယုစံဟာဆိုရင် အရမ်းကိုချစ်စရာကောင်းတဲ့ သားရတနာလေးကို အခက်ခဲမရှိအောငါအောင်မြင်မြင်နဲ့မွေးဖွားနိုင်ခဲ့တာပဲဖြစ်ပါတယ်နော်။ရင်ကတည်းက Kelvin လို့ ချစ်စနိုးနဲ့နာမည်ပေးထားတဲ့ မိုးယုစံရဲ့သားလေးကတော့ အရမ်းထူးခြတဲ့(၂၂၂၂၂) နေ့မှာ လူ့လောကထဲကို ရောက်ရှိလာခဲ့တဲ့ ကလေးလေးပဲ ဖြစ်ပါတယ် ။

ယခုအခါမှာလည်း မိုးယုစံက “သားငယ်လေး မာမီတို့ဘဝထဲရောက်လာပါပြီ ဒီနေ့ကတော့ (၂၂၂၂၂)နေ့ဆိုတော့ မှတ်မှတ်ရရပါပဲ ❤️ အားလုံးလည်း ဘေးအန္တရာယ်ကင်းဝေးကြပါစေ 🙏” ဆိုပြီး ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကိုယ်ဝန်လွယ်ထားရတာကြောင့် လူထုလှုပ်ရှားမှုတွေမှာ မပါဝင်နိုင်ခဲ့ရတဲ့ မိုးယုက ပြည်သူတွေအတွက် အသုံးဝင်မယ့် အချက်ပြနည်းတွေကို မျှဝေပေးခဲ့သလို အခုလည်း အားလုံးအန္တရာယ်ကင်းနိုင်ဖို့ ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ (၂၂၂၂၂) နေ့မှာ မွေးဖွားခဲ့တဲ့ မိုးယုစံရဲ့ဒုတိယမြောက်သားလေး Kelvin ရဲ့ချစ်စရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source & Photo Credit -Moe Yu San’s FB Acc
Credit ; MMLoad