ပရိသတ္ႀကီးေရ ျမန္မာႏိုင္ငံရဲ႕ အလွဖန္တီးရွင္ေတြထဲက နာမည္ႀကီးျဖစ္သူ ညီညီေမာင္(စမ္းေခ်ာင္း) ကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ သုသုကေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္တက္တက္ႂကြႂကြနဲ႕ မိတ္ကပ္အလွဖန္တီးရွင္တစ္ေယာက္ျဖစ္ေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိထားသူပါ.။ဝါသနာပါရာ မိတ္ကပ္အလွဖန္တီးရာမွာ နာမည္ႀကီးၿပီး အႏုပညာပိုးလည္း ပါသူ သုသုကေတာ့ ဟာသဗီဒီယိုေလးေတြနဲ႕ ပရိသတ္ေတြရဲ႕ အေမာကို ေျပေစခဲ့ၿပီး သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႕လည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္ခဲ့သူပါ.။ ဟာသ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ခ်င္တဲ့ အေၾကာင္းကိုလည္း သုသုက ထုတ္ေျပာခဲ့ဖူးပါတယ္.။

အႏုပညာရွင္တစ္ေယာက္အေနနဲ႕ မဟုတ္တဲ့ မိတ္ကပ္အလွဖန္တီးရွင္တစ္ေယာက္အေနနဲ႕ အႏုပညာေလာကမွာ ရပ္တည္ခဲ့သူမို႕ အႏုပညာရွင္တိုင္းနဲ႕ ရင္းႏွီးခင္မင္တဲ့ ဆက္ဆံေရးပိုင္ဆိ္ုင္ထားသူ သုသုက ဒီေန႕မွာလည္း မင္းသားထြန္းထြန္းရဲ႕ ပါးကို နမ္းကာ ေမြးေန႕လက္ေဆာင္ေပးခဲ့တဲ့ ဗီဒီယိုဖိုင္ေလးကို “ခုတေလာ သု ဆိုးေနရင္လည္း ခြင့္လႊတ္ေပးၾကပါေနာ္” ဆိုၿပီး လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။

မင္းသားထြန္းထြန္းရဲ႕ ေမြးေန႕လြန္ခဲ့ေပမယ့္ ရႈတင္မွာ ေတြ႕တဲ့ခ်ိန္ေလး ဝိုင္းစိစဥ္ေပးခဲ့တဲ့ ေမြးေန႕ပြဲေလးမွာ သုသုကေတာ့ ႏႈတ္ခမ္းနီမေလးေတြ သဝန္တိုရေအာင္ လုပ္လိုက္တာပါပဲေနာ္.။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ Cele Active World ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္ႏိ္ုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္.။
Source: Nyi Nyi Maung’s Facebook

Credit ; (Cele Active World)

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ အလှဖန်တီးရှင်တွေထဲက နာမည်ကြီးဖြစ်သူ ညီညီမောင်(စမ်းချောင်း) ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ သုသုကတော့ ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့ မိတ်ကပ်အလှဖန်တီးရှင်တစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူပါ.။ဝါသနာပါရာ မိတ်ကပ်အလှဖန်တီးရာမှာ နာမည်ကြီးပြီး အနုပညာပိုးလည်း ပါသူ သုသုကတော့ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အမောကို ပြေစေခဲ့ပြီး သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့သူပါ.။ ဟာသ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့ အကြောင်းကိုလည်း သုသုက ထုတ်ပြောခဲ့ဖူးပါတယ်.။

အနုပညာရှင်တစ်ယောက်အနေနဲ့ မဟုတ်တဲ့ မိတ်ကပ်အလှဖန်တီးရှင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်ခဲ့သူမို့ အနုပညာရှင်တိုင်းနဲ့ ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးပိုင်ဆိ်ုင်ထားသူ သုသုက ဒီနေ့မှာလည်း မင်းသားထွန်းထွန်းရဲ့ ပါးကို နမ်းကာ မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို “ခုတလော သု ဆိုးနေရင်လည်း ခွင့်လွှတ်ပေးကြပါနော်” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

မင်းသားထွန်းထွန်းရဲ့ မွေးနေ့လွန်ခဲ့ပေမယ့် ရှုတင်မှာ တွေ့တဲ့ချိန်လေး ဝိုင်းစိစဉ်ပေးခဲ့တဲ့ မွေးနေ့ပွဲလေးမှာ သုသုကတော့ နှုတ်ခမ်းနီမလေးတွေ သဝန်တိုရအောင် လုပ်လိုက်တာပါပဲနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ Cele Active World ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိ်ုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Nyi Nyi Maung’s Facebook

Credit ; (Cele Active World)