ဒီနေ့မနက်တွင် ပရိသတ်တွေ ချစ်ကြတဲ့ Idiots အဖွဲ့မှ အဆိုတော် ရေမွန်ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်နော်။ စကစဘက်မှ၅၀၅(က)နဲ့အမှုဖွင့်ထားတာကြောင့် ဝရမ်းပြေးအဖြစ် နဲ့လွတ်မြောက်နယ်မြေတွင် ရှောင်ပြေးနေရ တာပါနော်။

သူဟာ အစာအိမ်သွေးကြောပေါက်သွားတာကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ သူငယ်ချင်း ဖြစ်သူ နိုဗန်ထူးကတင်ထားပါတယ်နော်။ဒီသတင်းဟာ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် အရမ်းကို ဝမ်းနည်းပူဆွေးစရာပါပဲနော်။ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ထိုင်တတ်ပြီး သူချစ်တဲ့ ပရိသတ်တွေအပေါ်လည်း တာဝန်ကျေပွန်လွန်းတဲ့ ရေမွန်ကိုဆုံးရှုံးလိုက်ရတာ အရမ်းကိုနာကျင်စရာကောင်းလွန်းပါတယ် နော်။

သူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်းဆိုရှယ်မီဒီယာထွက်တွင် မြင်နေရပြီး လွတ်မြောက်နယ်မြေရောက်နေစဉ်အတွင်းသီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်းပရိသတ်တစ်ယောက်မှတင်ထားပါတယ်နော်။အကြွေစောပေမယ့်လည်းသူဖန်တီးထားတဲ့သီချင်းတွေကတော့တစ်သက်လုံးရှင်သန်နေမှာ ပါနော်။

Credit




Credit