ျမန္မာနိုင္ငံ ရဲ့ လြတ္လပ္ေရး ဖခင္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္းရဲ့ အတၳဳပတၱိကို ျပန္လည္ရိုက္ကူး မယ့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဟာ (၂၀၁၂) ခုႏွစ္က စတင္ရိုက္ကူးဖို႔ စီစဥ္ၿပီး ၂၀၁၅ ခုႏွစ္ ဗိုလ္ခ်ဳပ္ ႏွစ္တစ္ရာ ျပည့္မွာ ျပသဖို႔ ရည္ရြယ္ခဲ့ေပမယ့္ အေၾကာင္းေၾကာင္း ေၾကာင့္ ေႏွာင့္ေႏွးေနခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္အတြင္းမွာေတာ့ နိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ နဲ႔ ဒါရိုက္တာ အကယ္ဒမီ လူမင္းက ဦးေဆာင္ၿပီး ျပန္လည္ ရိုက္ကူးခဲ့ကာ ပရိသတ္ေတြ ရဲ့ စိတ္ဝင္စားျခင္းကို ျပန္လည္ ရရွိခဲ့တာပဲ ျဖစ္ပါတယ္။

ေအာင္ဆန္း ႐ုပ္ရွင္ကို ဒါရိုက္တာလူမင္း ကို ဦးေဆာင္ရို က္ကူးၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းအျဖစ္ ေက်ာ္ေက်ာ္မ်ိဳး ၊ ေဒၚခင္ၾကည္အျဖစ္ နန္းဇာျခည္လင္း ၊ ရဲေအာင္ ၊ ရန္ေအာင္ ၊ မိုးေဟကို ၊ နိုင္းနိုင္း ၊ ခန႔္စည္သူ ၊ ေက်ာ္ေက်ာ္ ၊ ညိဳမင္းလြင္ စတဲ့ အႏုပညာရွင္ ၊ အတတ္ပညာရွင္ေတြ မ်ားစြာနဲ႔ ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ (၂၀၁၉) ခုႏွစ္ စက္တင္ဘာလအတြင္းမွာ စတင္ရိုက္ကူး ခဲ့တဲ့ ေအာင္ဆန္း ႐ုပ္ရွင္က မေန႔က ဒီဇင္ဘာလ (၂၃) ရက္ေန႔မွာ ရိုက္ကူးျခင္းအပိုင္း လုံးဝၿပီးစီးခဲ့ၿပီလို႔ ဒါရိုက္တာ လူမင္းက သူ႔ရဲ့ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ မၽွေဝလာပါတယ္။

ေအာင္ဆန္း႐ုပ္ရွင္ ကေတာ့ ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္ေတြ ကို ေသေသခ်ာခ်ာ စိစစ္ ေရြးခ်ယ္ထား႐ုံသာမက ထိုေခတ္က အတိုင္း အသုံးအေဆာင္၊ အခင္းအက်င္းေတြကိုလည္း ေသခ်ာ ဂ႐ုတစိုက္ ျပင္ဆင္ရိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီး လည္း မၾကာခင္ အခ်ိန္အတြင္းမွာ ဖန္သားျပင္ေပၚမွာ ၾကည့္ရႈရေတာ့မယ့္ ေအာင္ဆန္း႐ုပ္ရွင္ အတြက္ စိတ္ဝင္ စားမႈေတြ ျမင့္တက္ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္နိုင္ ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Ayarwady Lu Min’s fb
Credit– Cele Connections

မြန်မာနိုင်ငံ ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ အတ္ထုပတ္တိကို ပြန်လည်ရိုက်ကူး မယ့် ဗိုလ်ချုပ်ရုပ်ရှင်ဟာ (၂၀၁၂) ခုနှစ်က စတင်ရိုက်ကူးဖို့ စီစဉ်ပြီး ၂၀၁၅ ခုနှစ် ဗိုလ်ချုပ် နှစ်တစ်ရာ ပြည့်မှာ ပြသဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့် နှောင့်နှေးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်အတွင်းမှာတော့ နိုင်ငံကျော် သရုပ်ဆောင် နဲ့ ဒါရိုက်တာ အကယ်ဒမီ လူမင်းက ဦးဆောင်ပြီး ပြန်လည် ရိုက်ကူးခဲ့ကာ ပရိသတ်တွေ ရဲ့ စိတ်ဝင်စားခြင်းကို ပြန်လည် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အောင်ဆန်း ရုပ်ရှင်ကို ဒါရိုက်တာလူမင်း ကို ဦးဆောင်ရို က်ကူးပြီး ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ကျော်ကျော်မျိုး ၊ ဒေါ်ခင်ကြည်အဖြစ် နန်းဇာခြည်လင်း ၊ ရဲအောင် ၊ ရန်အောင် ၊ မိုးဟေကို ၊ နိုင်းနိုင်း ၊ ခန့်စည်သူ ၊ ကျော်ကျော် ၊ ညိုမင်းလွင် စတဲ့ အနုပညာရှင် ၊ အတတ်ပညာရှင်တွေ များစွာနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၉) ခုနှစ် စက်တင်ဘာလအတွင်းမှာ စတင်ရိုက်ကူး ခဲ့တဲ့ အောင်ဆန်း ရုပ်ရှင်က မနေ့က ဒီဇင်ဘာလ (၂၃) ရက်နေ့မှာ ရိုက်ကူးခြင်းအပိုင်း လုံးဝပြီးစီးခဲ့ပြီလို့ ဒါရိုက်တာ လူမင်းက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မျှဝေလာပါတယ်။

အောင်ဆန်းရုပ်ရှင် ကတော့ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေ ကို သေသေချာချာ စိစစ် ရွေးချယ်ထားရုံသာမက ထိုခေတ်က အတိုင်း အသုံးအဆောင်၊ အခင်းအကျင်းတွေကိုလည်း သေချာ ဂရုတစိုက် ပြင်ဆင်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း မကြာခင် အချိန်အတွင်းမှာ ဖန်သားပြင်ပေါ်မှာ ကြည့်ရှုရတော့မယ့် အောင်ဆန်းရုပ်ရှင် အတွက် စိတ်ဝင် စားမှုတွေ မြင့်တက်နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Ayarwady Lu Min’s fb
Credit– Cele Connections