ပရိတ်သတ်ကြီးရေ ….အနုပညာလောကမှာ အန်ကယ်လေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီမင်းသားကြီး လူမင်းကတော့ နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သူပဲ ဖြစ်ပါတယ်..။နွေသီးတော်လှန်ရေးရဲ့အရေးတော်ပုံကြီးမှာ ပြည်သူလူထုနဲ့အတူ အစွမ်းကုန်ကြိုးစားပါဝင်ခဲ့တဲ့ အန်ကယ်လေးကတော့ ပြီးခဲ့တဲ့လပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတာမို့ အနုပညာရှင်တွေအပြင် ပြည်သူပရိသတ်တွေအားလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်နေခဲ့ကြရတာပဲ ဖြစ်ပါ တယ်..။

ဒီကနေ့မှာမွေးနေ့ကျရောက်လာတဲ့ အန်ကယ်လေးရဲ့ဇနီးဖြစ်သူ ခင်စံပယ်ဦးရဲ့မွေးနေ့လေးကို သတိတရနဲ့ဆုမွန်ကောင်းတောင်းပေးလာခဲ့တာတော့ခိုင်သင်းကြည်ပဲဖြစ်ပါတယ်နော်..။မခိုင်လေးကအရမ်းချစ်ကြတဲ့ခင်စံဦးတို့ မိသားစုတွေအမြန်ဆုံး ပြန်လည်ဆုံဆည်းကြစေဖို့အတွက် ဆုတောင်းစကားဆိုလာပါတယ်..။အကျဉ်းချအရေးယူခြင်းခံထားရပြီး ပူပင်သောကတွေနဲ့ ဝေးကွာနေရတဲ့ အန်ကယ်လေးတို့ မိသားစုလေး အမြန်ဆုံးပြန်လည်ဆုံဆည်းကြစေဖို့ စိတ်မကောင်းစွာ ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်..။

“Happy Birthday ချစ်ရတဲ့ စံပယ်လေး❤️🎂🎈ပူပင်သောကတွေကင်းဝေးပြီး ချစ်ရတဲ့အန်ကယ်လေးနဲ့အတူ မိသားစုတွေအမြန်ဆုံး ပြန်ဆုံနိုင်ကြပါစေနော် 🙏..” ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်..။မခိုင်လေးနဲ့အတူ ပြည်သူပရိသတ်တွေကလည်း အန်ကယ်လေးတစ်ယောက် ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ကာ မိသားစုတွေပြန်ဆုံကြစေ ဖို့ အသီးသီး ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်

Crd MM Load




Crd MM Load