ပရိသတ်ကြီးရေ ဈေးသည်ကြီးကိကိဆိုတာနဲ့ စကားအရမ်းတတ်ပြီးသူမကိုယ်သူမ ကျွန်မလို့နာမ်စားသုံးတတ်တဲ့ ချစ်စရာဆယ်လီကလေးလေးကို သိကြမှာအမှန်ပါနော်။ကိကိလေးကတော့သူမမေမေနဲ့ဈေးရောင်းတိုင်း ဆော့ရင်း သူမရဲ့စကားတတ်မှု ချက်ကျလက်ကျပြန်ပြော​နိုင်မှုတို့ကြောင့် ပရိသတ်တွေသာမက အနုပညာရှင်တွေပါ အသည်းတယား ယားဖြစ်ခဲ့ရ သူလေးပါ။



Credit- CeleGabar
Source-KiKi

ပရိသတ်ကြီးရေ စျေးသည်ကြီးကိကိဆိုတာနဲ့ စကားအရမ်းတတ်ပြီးသူမကိုယ်သူမ ကျွန်မလို့နာမ်စားသုံးတတ်တဲ့ ချစ်စရာဆယ်လီကလေးလေးကို သိကြမှာအမှန်ပါနော်။ကိကိလေးကတော့သူမမေမေနဲ့စျေးရောင်းတိုင်း ဆော့ရင်း သူမရဲ့စကားတတ်မှု ချက်ကျလက်ကျပြန်ပြော​နိုင်မှု တို့ကြောင့် ပရိသတ်တွေသာမက အနုပညာရှင်တွေပါ အသည်းတယား ယားဖြစ်ခဲ့ရသူလေးပါ။

သူမရဲ့ စကားလေးတွေဟာဆိုရင် TikTokမှာပါ ရေပန်းစားကာ လူတော်တော်များများ သူမစကားအသံ​လေးတွေကိုအသုံးပြုကာ TikTok ကစားခဲ့ကြပါသေးတယ်။ လက်ရှိမှာလည်း ဒ​ီနေ့ကျရောက်တဲ့ဒီဇင်ဘာလ၁၄ရက်နေ့ဟာ ကိကိလေးရဲ့မွေးနေ့ဖြစ်ပြီး တတ်နိုင်တဲ့အလှူလေးပြုလုပ်ကာ မိသားစုနဲ့မွေးနေ့လေးကျင်းပခဲ့တယ်လို့သိရ ပါတယ်။

“ဒီနှစ် ကိလေး ရဲ့ (7)နှစ်ပြည့်မွေးနေ့လေးကိုတော့ တတ်နိုင်တဲ့အလှူလေး နှင့် မိသားစုမွေးနေ့ပွဲလေးပါဘဲကိလေ းမွေးနေ့အတွက် ဆုတောင်းပေးကြတဲ့ ကိလေးကို ထာဝရချစ်ပေးကြသော ကိရဲ့ချစ်သောသူ များအားလုံးကို ဒီနေရာလေးကနေဘဲ ဂါရဝပြုပြီး ကျေးဇူးတင်ပါတယ်ရှင့်🙏🏼🙏🏼🙏🏼🙏🏼🙏🏼”ဆိုတဲ့စာလေးနဲ့ပုံလေးတွေကို KiKiအကောင့်ကနေတင်လာခဲ့တာ​ပါ။ မွေးနေ့မှာပျော်ရွှင်ပြီး ယဉ်ကျေးလိမ္မာပြီးမိဘကိုသိတတ်တဲ့သမီးလေး​အဖြစ်ကြီးပြင်းလာပါစေလို့ကဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်နော်။

Credit- CeleGabar
Source-KiKi