ပရိသတ်ကြီးရေ ဟိုးအရင် တစ်ခေတ်တစ်ချိန်ခါကတည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးညွန့်ဝင်းကတော့ ဒီနေ့မှာ ကွယ်လွန်သွား ခဲ့ပါတယ် ။ ဦးညွန့်ဝင်း ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော အနုပညာရှင် အသိုင်းအဝိုင်း တစ်ခုလုံးက ဝမ်းနည်းကြေကွဲခဲ့ကြ ရပါတယ် ။

ဒါကြောင့်လည်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာ ဝမ်းနည်းကြောင်းတွေ ဖော်ပြခဲ့ကြတာတွေ့ရပါတယ် ။ အခုလည်း စင်ရော်မောင်မောင်က ဦးညွန့်ဝင်းနဲ့ ဟိုအရင်တစ်ချိန်က ရိုက်ကူးခဲ့တဲ့ လျှို့ဝှက်သောနှင်းဇာတ်ကား နဲ့ ပတ်သက်ပြီး ပရိသတ်တွေ မသိသေးတဲ့ အမှတ်တရ လေးတွေကို ခုလို ပြောပြလာ ပါတယ် ။

” ခု နှစ် ထပ် ကွမ်း အ ကယ် ဒ မီ ဆု ရှင် ဦး ညွန့် ဝင်း ကွယ် လွန် ခြင်း အ တွက် အထူးဝမ်းနည်းကြေကွဲရပါခြင်း မြန်မာနိုင်ငံ​ရုပ်ရှင်အစည်းအရုံးတွင် ကျွန်တော်အတွင်းရေးမှူးအ​ဖြစ်​တာဝန်ယူစဥ်က ဥက္ကဌကြီးအဖြစ်တာဝန်ယူခဲ့သော ပညာရှင်ကြီးလည်းဖြစ်ပါသည်။ရုပ်ရှင်လောကထဲဝင်ရောက်ရောက်ခြင်း မန္တလေး မှဦးဇော်မြင့်နှင့်အတူတူ ကျွန်တော်တို့ထုတ်လုပ်ခဲ့သော တတိအရွယ်၏ဒုတိယအရွယ်ဇာတ်ကားတွင် အကယ်ဒမီဆွတ်ခူးခဲ့သောပညာရှင်ကြီးလည်းဖြစ်ပါသည်။ ရေခဲတောင်ထိပ်သို့ လျှို့ဝှက်သောနှင်းဇာတ်ကားနှင့်အတူတူတက်ခဲ့ကြသော ပညာရှင်ကြီးလည်းဖြစ်ပါသည်။ ၎င်းဇာတ်ကားနှင့်အတူ အကယ်ဒမီဆုကိုအတူတကွဆွတ်ခူးရယူ ခဲ့ ခြင်း ကို အ မြဲ လွမ်း ဆွတ် ရ တော့ မည် မြန်မာ့ရုပ်ရှင်၏ အလွန်ထူးချွန်သော အကယ်ဒမီ ၇ဆု ရှင်ဝါရင့်သရုပ်ဆောင် ဒါရိုက်တာ တေးသံရှင် နှင့် မြန် မာ့ ဇတ် သ ဘင် ပ ညာ ရှင် ကြီး ကို ဆုံးရှုံး ရခြင်း အတွက် အထူးဝမ်းနည်းကြေကွဲရပါသည်။ ရိုသေစွာကန်တော့ပန်းဆင်လျှက် စင်ရော်မောင်မောင် ” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီ းလည်း ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Zin Yaw Mg Mg

ပရိသတ္ႀကီးေရ ဟိုးအရင္ တစ္ေခတ္တစ္ခ်ိန္ခါကတည္း ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရွိခဲ့တဲ့ ဝါရင့္သ႐ုပ္ေဆာင္မင္းသားႀကီး ဦးညြန႔္ဝင္းကေတာ့ ဒီေန႔မွာ ကြယ္လြန္သြား ခဲ့ပါတယ္ ။ ဦးညြန႔္ဝင္း ကြယ္လြန္ခဲ့တာနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြေရာ အႏုပညာရွင္ အသိုင္းအဝိုင္း တစ္ခုလုံးက ဝမ္းနည္းေၾကကြဲခဲ့ၾက ရပါတယ္ ။

ဒါေၾကာင့္လည္း သူတို႔ရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာေတြ ထက္မွာ ဝမ္းနည္းေၾကာင္းေတြ ေဖာ္ျပခဲ့ၾကတာေတြ႕ရပါတယ္ ။ အခုလည္း စင္ေရာ္ေမာင္ေမာင္က ဦးညြန႔္ဝင္းနဲ႔ ဟိုအရင္တစ္ခ်ိန္က ရိုက္ကူးခဲ့တဲ့ လၽွို႔ဝွက္ေသာႏွင္းဇာတ္ကား နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ မသိေသးတဲ့ အမွတ္တရ ေလးေတြကို ခုလို ေျပာျပလာ ပါတယ္ ။

” ခု ႏွစ္ ထပ္ ကြမ္း အ ကယ္ ဒ မီ ဆု ရွင္ ဦး ညြန႔္ ဝင္း ကြယ္ လြန္ ျခင္း အ တြက္ အထူးဝမ္းနည္းေၾကကြဲရပါျခင္း ျမန္မာနိုင္ငံ​႐ုပ္ရွင္အစည္းအ႐ုံးတြင္ ကၽြန္ေတာ္အတြင္းေရးမႉးအ​ျဖစ္​တာဝန္ယူစဥ္က ဥကၠဌႀကီးအျဖစ္တာဝန္ယူခဲ့ေသာ ပညာရွင္ႀကီးလည္းျဖစ္ပါသည္။႐ုပ္ရွင္ေလာကထဲဝင္ေရာက္ေရာက္ျခင္း မႏၲေလး မွဦးေဇာ္ျမင့္ႏွင့္အတူတူ ကၽြန္ေတာ္တို႔ထုတ္လုပ္ခဲ့ေသာ တတိအရြယ္၏ဒုတိယအရြယ္ဇာတ္ကားတြင္ အကယ္ဒမီဆြတ္ခူးခဲ့ေသာပညာရွင္ႀကီးလည္းျဖစ္ပါသည္။ ေရခဲေတာင္ထိပ္သို႔ လၽွို႔ဝွက္ေသာႏွင္းဇာတ္ကားႏွင့္အတူတူတက္ခဲ့ၾကေသာ ပညာရွင္ႀကီးလည္းျဖစ္ပါသည္။ ၎ဇာတ္ကားႏွင့္အတူ အကယ္ဒမီဆုကိုအတူတကြဆြတ္ခူးရယူ ခဲ့ ျခင္း ကို အ ျမဲ လြမ္း ဆြတ္ ရ ေတာ့ မည္ ျမန္မာ့႐ုပ္ရွင္၏ အလြန္ထူးခၽြန္ေသာ အကယ္ဒမီ ၇ဆု ရွင္ဝါရင့္သ႐ုပ္ေဆာင္ ဒါရိုက္တာ ေတးသံရွင္ ႏွင့္ ျမန္ မာ့ ဇတ္ သ ဘင္ ပ ညာ ရွင္ ႀကီး ကို ဆုံးရႈံး ရျခင္း အတြက္ အထူးဝမ္းနည္းေၾကကြဲရပါသည္။ ရိုေသစြာကန္ေတာ့ပန္းဆင္လၽွက္ စင္ေရာ္ေမာင္ေမာင္ ” ဆိုၿပီး ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီ းလည္း ၾကည့္ရႈနိုင္ေစရန္ ျပန္လည္ ေဝမၽွေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Zin Yaw Mg Mg