ပရိသတ်ကြီးရေ စူးရှထက်ကတော့ ပရိသတ်တွေ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မော်လ်ဒယ် တစ်ယောက်ပဲဖြစ်ပါတယ်။ စူးရှထက်ကတော့ ဒီနေ့ ဇူလိုင်လ (၁၈)ရက်နေ့ မှာတော့ သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေ အတွက်မျှဝေဖော်ပြထားခဲ့ပါတယ်။

စူးရှထက်ကတော့ အခုတစ်ခေါက်နဲ့ဆိုရင် သာသနာ့ဘောင်ကို ဝင်ရောက်တာ နှစ်ကြိမ်တိုင်တိုင်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။အခုတစ်ခေါက်မှာတော့ သူကိုယ်တိုင်လည်း သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တဲ့ ကုသိုလ်လေးအပြင် သူ့ရဲ့ညီမအငယ်လေးရယ် တူမလေးနှစ်ယောက်ရယ်ကိုပါ သီလရှင်အဖြစ် ဝတ်ပေးခွင့်ရခဲ့တာကြောင့် ကြည်နူးပီတိဖြစ်နေ ခဲ့ကြောင်းလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ဆရာလေးဝတ်အနေနဲ့လည်း သူတတ်နိုင်သလောက်အလှူတွေကို လူဝတ်နဲ့တုန်းကလိုပဲ လှူဒါန်းမှုတွေလည်း ဆက်လက်လှူဒါန်းသွားဦးမှာပါတဲ့။ CeleZone ပရိသတ်ကြီးရေ ပရိသတ် အချစ်တော် စူးရှထက်တစ်ယောက် ဒီနေ့မှာ သာသနာ့ဘောင်ကို ဝင်ရောက်သွားတဲ့ သီတင်းလေးကို မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။

Source – Zar Chi




Source – Zar Chi