Credit – Cele Zone
Photo – Kyaw Phyo Tun
အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားတဲ့အပြင် ချစ်စရာသမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတဲ့ ဆယ်လီစုံတွဲလေးကတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပါပဲ။
ဇနီးမောင်နှံနှစ်ယောက် ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေအပြင် ချစ်စရာသမီးလေးတွေနဲ့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာမို့လည်း မြင်သူပရိသတ်တွေက အားကျချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်နော်။
ဒီနေ့မှာတော့ မြတ်ရနာကျော်က ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သားရတနာလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း ပုံရိပ်လေးတွေ ဝေမျှလာပါတယ် ။ သားလေးက အရမ်းချစ်စရာကောင်းပြီး ဖြူဥနေတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Credit – Cele Zone
Photo – Kyaw Phyo Tun