


CRD – Cele Zone

ဆောင်းဝတ်ရည်မေကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေကတော့ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့လေးအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့အဖေအတွက် ရည်ရွယ်ပြီး ဆုတောင်းစကားလေးဆိုလာခဲ့ ပါတယ်။

“Happy Father’s Day ပါ ဖေကြီး ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ ဖော်ပြလာခဲ့ပြီး သူ့ရဲ့ဖခင်နဲ့ရိုက်ကူးထားတဲ့ ပုံလေးတွေကိုပါအမှတ်တရအနေနဲ့ တင်ထားခဲ့ပါသေးတယ်။ ဒါ့အပြင် ဆောင်းဝတ်ရည်မေက သူ့ရဲ့အဖေအတွက် အဖေများနေ့အမှတ်တရ ဆုတောင်းလေးအပြင် ကမ္ဘာပေါ်မှာ ရှိသမျှအဖေတွေအတွက်လည်း အဖေများနေ့မှာ အဖေတွေအားလုံးပျော်ရွှင်နိုင်ကြပါစေ လို့လည်း ဆုတောင်းပေးထား ပါသေးတယ်။

ပရိသတ်ကြီးရေ ဒီနေ့မှာကျရောက်တဲ့ အဖေများနေ့မှာ ပရိသတ်ကြီးတွေရဲ့ အဖေတွေအားလုံးလည်း သက်ရှည်ကျန်းမာပြီး မိသားစုနဲ့ ပျော်ရွှင်စွာနေ ထိုင်နိုင်ပါစေလို့ ကနေလည်း ဆုမွန်ကောင်းတွေတောင်းပေးလိုက် ပါတယ်နော်။

Photo – Hsaung Wutyee May
CRD – Cele Zone