လူကြမ်းသရုပ်ဆောင်အရိုင်းကတော့ဇာတ်ကားတွေမှာဇာတ်ပို့နေရာကနေပါဝင်သရုပ်ဆောင်ရင်းပရိတ်သတ်တွေစတင်သတိထားမိကြတာပဲဖြစ်ပါတယ်၊လူကြမ်းသရုပ်ဆောင်နဲ့အညီပီပြင်လွန်းလှတာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားပါသေးတယ်၊ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်ပြီးဇာတ်ပို့ပေးနိုင်တာကြောင့်လဲဖြစ်ပါတယ်။

လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့ကူးစက်မှုတွေကများပြားလျက်ရှိပါတယ်၊အောက်ဆီဂျင်မလုံလောက်မှုကြောင့်အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရတဲ့သူတွေလဲများစွာရှိနေပါတယ်။

အလှူရှင်များလဲပရဟိတလုပ်ငန်းများနဲ့ပူးပေါင်းပြီးအောက်ဆီဂျင်ရရှိနိုင်ဖို့အတွက်ကြိုးစားပေးနေကြတာပဲဖြစ်ပါတယ်။

ပရိတ်သတ်ကြီးရေဒီကနေ့ဇူလိုင်လ၂၃ရက်နေ့လပြည့်နေ့မနက်၆နာရီမှာတော့လူကြမ်းသရုပ်ဆောင်အရိုင်းမင်းကကွယ်လွန်သွားပြီဖြစ်ကြောင်းလူကြမ်းသရုပ်ဆောင်ဦးမျိုးကြည်ကသူရဲ့လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားပါတယ်။

ယနေ့ဝါဆိုလပြည့်နေ့မနက်မှာရုပ်ရှင်သရုပ်ဆောင်ကိုအရိုင်းမင်းဆုံးသွားပြီဗျာ၊အကိုကောင်းရာဘုံသို့ရောက်ပါစေသားဆိုပြီးတော့သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊အောက်ဆီဂျင်ကျပြီးကွယ်လွန်ရကြောင်းလဲသိရပါတယ်၊ကွယ်လွန်သွားပြီဖြစ်တဲ့လူကြမ်းသရုပ်ဆောင်အရိုင်းလဲကောင်းရာသုဂတ်လားပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi vision






Credit