


Credit– Cele Zone

Photo – Sandy Myint Lwin

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိုင်ပြီး အရည်အချင် းရှိတဲ့သူကတော့ မင်းသမီးချောလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်။ ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ စန္ဒီမြင့်လွင်က ဇာတ်ကားတွေအများအပြား ရိုက်ကူးခဲ့သလို တေးသီချင်းကောင်းတွေကိုလည်း ဖန်တီးခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ရရှိထားတာ ဖြစ် ပါတယ် ။

စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့ ထိမ်းမြားလက်ထပ်ပြီး နောက်ပိုင်းမှာ ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းတဲ့ သမီးလေးက စန္ဒီမြင့်လွင်နဲ့တစ်ထေရာတည်းတူတာကြောင့် သူမတို့ဇနီးမောင်နှံနှစ်ယောက်လုံးက တုန်အောင် ချစ်နေရတာ ဖြစ်ပါ တယ် ။

ဒီနေ့ကတော့ ထရက်ရှာလေးရဲ့ (၂) နှစ်ပြည့်မွေးနေ့လေးဖြစ်ရာ မေမေ စန္ဒီမြင့်လွင်က သမီးလေးရဲ့ ငယ်စဉ်က အမှတ်တရပုံလေးတွေနဲ့အတူ ” Happy 2 years birthday သမီးလေး သမီးလေးမွေးနေ့မှာ ပြည်သူအပေါင်းအခုကြုံတွေ့နေရတဲ့အခက်အခဲများ အမြန်ကင်းပျောက်ကြပါစေ ကျန်းမာချမ်းသာတဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေ လို့ ထရက်ရှာခင်လင်းထင်မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 2yearsold treasure ” ဆိုပြီး ဆုမွန်ကောင်းတောင်းပေး ထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ထရက်ရှာလေးလည်း မွေးနေ့မှာ ပျော်ရွှင်ပါစေ ဆုတောင်းပေးလိုက်ပါ တယ် ။

Credit– Cele Zone

Photo – Sandy Myint Lwin