ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချော မိုးအောင်ရင်ပဲ ဖြစ်ပါတယ်။ စမတ်ကျလှတဲ့ ဖက်ရှင်များကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့်လည်း မိန်းကလေးပရိသတ်တွေက ကြွေပြီးရင်း ကြွေနေရတာလည်း ဖြစ်ပါတယ်။ မိုးအောင်ရင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

လူတိုင်းကိုဖော်ရွေစွာပြောဆိုဆက်ဆံတတ်တဲ့ မိုးအောင်ရင်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရော ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲ့ကာ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။

ဒီကာလမှာ အနုပညာအလုပ်တွေနားထားပေမယ့်လည်း ကိုယ်ပိုင်စီးပွားရေးလေးကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ် ။ အခုမှာတော့ ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတဲ့ သူရဲ့ အချစ်ရေးလေးကို အနည်းငယ်ထုတ်ပြလာပြီဖြစ်ရာ ချစ်သူလေးနဲ့အတူ ကြည်နူးနေတဲ့ပုံရိပ်လေးတွေကို “Marry Christmas December ရဲ့အေးချမ်းမှု့တွေကို..အချစ်ကနွေးထွေးစေမှာပါ..Christmas မှာချစ်သူနဲ့ပျော်ရွှင်နိုင်ကြပါစေ..” ဆိုတဲ့စာလေးကိုဖော်ပြထားတာဖြစ်ပါတယ် ။ အားလုံးက ဘယ်သူဖြစ်မလည်းစိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက်မိုးအောင်ရင်တို့ စုံတွဲလေးရဲ့ပုံလေးကို မျှဝေပေးလိုက်ပါရစေ။

Credit – Cele Zone
Photo – Moe Aung Yin




Credit – Cele Zone
Photo – Moe Aung Yin