သရုပ္ေဆာင္တစ္ေယာက္လည္းျဖစ္သလို ဒါရိုက္တာတစ္ေယာက္လည္းျဖစ္တဲ့ ခင္လိႈင္ကေတာ့ အနုပညာေလာကမွာ မသိတဲ့သူမရိွေလာက္ေအာင္ ထင္ရွားတဲ့ အနုပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ ခင္လိႈင္ကေတာ့ ပရိသတ္ေတြအေပၚ ေစတနာထားျပီး အလုပ္အေပၚကိုလည္း သစၥာရိွတာေၾကာင့္ တစ္ေန့ထက္တစ္ေန့ ေအာင္ျမင္လာခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစြာနဲ့ပဲ အကယ္ဒမီဆုၾကီးနဲ့ လြဲေခ်ာ္ေနတဲ့ ခင္လိႈင္ကေတာ့ ပရိသတ္ေတြရင္ထဲကေပးတဲ့ အကယ္ဒမီဆုေတြကိုေတာ့ အၾကိမ္ၾကိမ္ရရိွေနသူတစ္ေယာက္ဆုိလည္း မမွားပါဘူး။

အလုပ္ကိုခ်စ္သလို မိသားစုေတြကိုလည္း အရမ္းခ်စ္တဲ့ ခင္လိႈင္ကေတာ့ အခါၾကီးရက္ၾကီးေန့ေတြမွာ သူ့ရဲ့ မိသားစုေတြနဲ့အတူတူ အခ်ိန္ေတြကုန္ဆံုးလ်က္ရိွတာပဲ ျဖစ္ပါတယ္။ မေန့က ဒီဇင္ဘာလ (၂၅) ရက္ေန့မွာလည္း ခင္လိႈင္တို့ ဇနီးေမာင္နွံက ေဇရဲ၊ သဇင္ထူးျမင့္စတဲ့ သားသမီးေတြ၊ မိတ္ေဆြအေပါင္းအသင္းေတြနဲ့အတူတူ သူတို့ပိုင္ဆိုင္တဲ့ ေမွာ္ဘီျမိဳ့က ျခံအက်ယ္ၾကီးထဲမွာ သီခ်င္းေတြဆိုရင္း စားစားေသာက္ေသာက္နဲ့ ေပ်ာ္ရႊင္ခဲ့ၾကတာကို အခုလိုပဲ ေတြ့ရပါတယ္။

ခင္လိႈင္တုိ့ မိသားစုကေတာ့ ဒီဇင္ဘာလရဲ့ ေအးခ်မ္းတဲ့ ခရစၥမတ္ညေလးမွာ မိသားစုေတြ ေပ်ာ္ေပ်ာ္ပါးပါးစားေသာက္ရင္းနဲ့ ေပ်ာ္ရႊင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခင္လိႈင္တို့ မိသားစုေလးကိုၾကည့္ျပီး အေပ်ာ္ေတြကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Ye’s fb
Credit – Cele Connections

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ မသိတဲ့သူမရှိလောက်အောင် ထင်ရှားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ ပရိသတ်တွေအပေါ် စေတနာထားပြီး အလုပ်အပေါ်ကိုလည်း သစ္စာရှိတာကြောင့် တစ်နေ့ထက်တစ်နေ့ အောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အကယ်ဒမီဆုကြီးနဲ့ လွဲချော်နေတဲ့ ခင်လှိုင်ကတော့ ပရိသတ်တွေရင်ထဲကပေးတဲ့ အကယ်ဒမီဆုတွေကိုတော့ အကြိမ်ကြိမ်ရရှိနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

အလုပ်ကိုချစ်သလို မိသားစုတွေကိုလည်း အရမ်းချစ်တဲ့ ခင်လှိုင်ကတော့ အခါကြီးရက်ကြီးနေ့တွေမှာ သူ့ရဲ့ မိသားစုတွေနဲ့အတူတူ အချိန်တွေကုန်ဆုံးလျက်ရှိတာပဲ ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၂၅) ရက်နေ့မှာလည်း ခင်လှိုင်တို့ ဇနီးမောင်နှံက ဇေရဲ၊ သဇင်ထူးမြင့်စတဲ့ သားသမီးတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူတူ သူတို့ပိုင်ဆိုင်တဲ့ မှော်ဘီမြို့က ခြံအကျယ်ကြီးထဲမှာ သီချင်းတွေဆိုရင်း စားစားသောက်သောက်နဲ့ ပျော်ရွှင်ခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

ခင်လှိုင်တို့ မိသားစုကတော့ ဒီဇင်ဘာလရဲ့ အေးချမ်းတဲ့ ခရစ္စမတ်ညလေးမှာ မိသားစုတွေ ပျော်ပျော်ပါးပါးစားသောက်ရင်းနဲ့ ပျော်ရွှင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်လှိုင်တို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Ye’s fb
Credit – Cele Connections