ပရိတ်သတ်ကြီးရေ…..စူးရှထက်ကတော့ ခုမြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေအပြင် ညဘက်မှာ ပတ်ဝန်းကျင်လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများကိုလည်း အစားအသောက်များ ကိုယ်တိုင်ချက်ပြုတ်ကာလှူဒါန်းခဲ့ပါသေးတယ်။

အခုဆိုရင် ရက်တွေများစွာကြာနေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးက အပစ်အခတ်တွေ အတားအဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေဆုံးရှုံးရသလို ပစ္စည်းဥစ္စာတွေ အဖျက်အဆီးခံနေရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေများစွာနဲ့နေထိုင်နေရတာပါ။ခုလိုအခြေအနေမျိုးကြီးမှာ အလုပ်အကိုင်တွေလည်း အလွယ်တကူမလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေးအခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒီလိုစားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့အိမ်ထောင်စုတွေကိုလည်း သူမကိုယ်တိုင် အလှူရှင်တွေနဲ့စုပေါင်းကာ လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း သူမတတ်နိုင်သလောက် ဆေးဖိုးအလှူလေးအတွက် အလှူငွေငါးသောင်းလှူဖြစ်ခဲ့ကြောင်းဖော်ပြထားတာဖြစ်ပါတယ်။စူးရှထက်လည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုကိပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်တွေအားလုံး ကိုအထူးပင် ကျေးဇူးတင်ရှိပါတယ်..။

Credit – Cele Zone
Photo – Zar Chi

ပရိတ္သတ္ႀကီးေရ…..စူးရွထက္ကေတာ့ ခုျမန္မာနိုင္ငံက အေျခအေနေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ရဲရဲဝင့္ဝင့္ ရပ္တည္ခဲ့သူတစ္ေယာက္ပါ။ဒါ့အျပင္ လမ္းမေပၚထြက္ကာ လႈပ္ရွားမႈျပဳလုပ္ေနတဲ့ သူရဲေကာင္းေတြအျပင္ ညဘက္မွာ ပတ္ဝန္းက်င္လုံျခဳံမႈအတြက္ ကင္းေစာင့္ေပးၾကတဲ့ ျပည္သူမ်ားကိုလည္း အစားအေသာက္မ်ား ကိုယ္တိုင္ခ်က္ျပဳတ္ကာလႉဒါန္းခဲ့ပါေသးတယ္။

အခုဆိုရင္ ရက္ေတြမ်ားစြာၾကာေနၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးက အပစ္အခတ္ေတြ အတားအဆီးေတြေၾကာင့္ ျပည္သူေတြဟာ အသက္ေတြဆုံးရႈံးရသလို ပစၥည္းဥစၥာေတြ အဖ်က္အဆီးခံေနရတာေၾကာင့္ ျပည္သူေတြဟာ စိုးရိမ္မႈေတြမ်ားစြာနဲ႔ေနထိုင္ေနရတာပါ။ခုလိုအေျခအေနမ်ိဳးႀကီးမွာ အလုပ္အကိုင္ေတြလည္း အလြယ္တကူမလုပ္နိုင္တာေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ဟာ စားဝတ္ေနေရးအခက္အခဲေတြမ်ားစြာကိုၾကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။

ဒီလိုစားဝတ္ေနေရးအခက္အခဲျဖစ္ေနတဲ့အိမ္ေထာင္စုေတြကိုလည္း သူမကိုယ္တိုင္ အလႉရွင္ေတြနဲ႔စုေပါင္းကာ လႉဒါန္းမႈေတြလည္း ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။အခုလည္း သူမတတ္နိုင္သေလာက္ ေဆးဖိုးအလႉေလးအတြက္ အလႉေငြငါးေသာင္းလႉျဖစ္ခဲ့ေၾကာင္းေဖာ္ျပထားတာျဖစ္ပါတယ္။စူးရွထက္လည္း ဒီထက္မက လႉနိုင္ပါေစ ဆုေတာင္းေပးလိုကိပါတယ္ေနာ္။ဖတ္ရႈေပးၾကတဲ့ ပရိတ္သတ္ေတြအားလုံး ကိုအထူးပင္ ေက်းဇူးတင္ရွိပါတယ္..။

Credit – Cele Zone
Photo – Zar Chi