မင်းသားချော ပိုင်တံခွန်ကတော့ နိုင်ငံကျော်ရုံသာမက ကမ္ဘာကျော်တဲ့အထိ ထိုးဖောက်ပြီး အောင်မြင်မှုလမ်းကြောင်းပွင့်နေသူတစ်ယောက်ပါ။ အညွှန့်တလူလူတက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာရှင်စနစ်စတင်ကတည်းက ပြည်သူတစ်ယောက်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပဲ ဖြစ်ပါတယ်။ နေ့နေ့ညညဆိုသလို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီစနစ်ရရှိဖို့ ကြိုးစားနေတဲ့ ပိုင်တံခွန်က သူ့ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ ပက်သတ်ပြီး အမြဲတမ်း မျှဝေပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ပိုင်တံခွန်က “ကျုပ်တို့ကြားဖူးတဲ့ လက်ရုံးရည်၊ နှလုံးရည်ဆိုတာ ပုံပြင်သက်သက်ထင်ပါတယ်။ နှလုံးရည်ဆိုတာ.. ထားလိုက်ပါတော့.. ဒါက ခင်များတို့မှာ မွေးကတည်းက ပါလာမှာမဟုတ်ဘူး။ နောက်တစ်ခုက လက်ရုံးရည်ဆိုတာ လက်နက်မဟုတ်ဘူးနော်” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ လက်ရုံးရည်၊ နှလုံးရည်ဆိုတာ ဒီနေ့ဒီအချိန်မှာ ယုံတမ်းပုံပြင်သက်သက်ဖြစ်သွားပြီဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Paing Takhon ‘s fb
Credit – Cele Connections