ပရိသတ်ကြီးရေ.. ဥပါယ်တံမျဉ်ကားမှာ ကိုသိန်းစိုးဆိုတဲ့ ဗီလိန်နေရာကနေ ပရိသတ်အချစ်တွေကို သိမ်းကြုံးရယူခဲ့တဲ့ သ ရုပ်ဆောင် အောင်မြင့်မြတ်ကတော့ ဒီနေ့မှာ မင်္ဂလာသတင်းလေးတစ်ခု ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ အဲ့ဒါကတော့ သူ့ရဲ့ချစ်သူ အိမီမီကို နဲ့ ရွှေလက်တွဲသွားခဲ့ပြီဆိုတဲ့ သတင်းလေးပဲဖြစ်ပါတယ် ။

အောင်မြင့်မြတ်နဲ့ အိမီမီကိုတို့စုံတွဲဟာ ချစ်သူသက်တမ်း (၅)နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ဒီနေ့မှာတော့ မင်္ဂလာဦးဆွမ်းကျွေးလေးကို ပြုလု ပ်ခဲ့ကြပါတယ် ။ ပရိသတ်တွေကို အသိမပေးဘဲ ရုတ်တရက် မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့တာဖြစ်လို့ ပရိသတ်တွေကတော့ အံ့အားသင့်နေကြပြီး ဂုဏ်ပြုကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြသလို အနုပညာရှင်တွေကလည်း ဂုဏ်ပြုစကားလေးတွေ ရေးသားခဲ့ကြပါတယ် ။

သရုပ်ဆောင် မယ်လိုဒီကလည်း စိတ်အေးပါပြီဆိုတဲ့ စာသားလေးနဲ့အတူ အောင်မြင့်မြတ်တို့ မင်္ဂလာဦးစုံတွဲ ပုံရိပ်လေးကို လူမှုကွန်ရက်စာမျက်နှာထက်ကနေရေးသားဖော်ပြခဲ့ပါတယ် ။ အောင်မြင့်မြတ်နဲ့ အိမီမီကိုတို့ရဲ့ မင်္ဂလာဦးမှသည် ရိုးမြေကျလက်တွဲသွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နော် ။

Source : Aung Myint Myat
Credit (Yaung Chi)




Source : Aung Myint Myat
Credit (Yaung Chi)