ဒီႏွစ္မွာက်ေရာက္တဲ့ သူ႕ရဲ႕ေမြးေန႕ဟာ ၾကံဳဖူးခဲ့တဲ့ဘ၀တစ္ေလွ်ာက္လံုးမွာ အပူေလာင္ဆံုးပဲလို႕ ေျပာလိုက္တဲ့ ႏိုင္း၀မ္း

ဂီတေလာက မွာ လူငယ္ ပရိသတ္ေတြ အႀကိဳက္ သီခ်င္းေကာင္းေတြ မ်ားစြာကို သီဆိုထားတဲ့သူ ကေတာ့ အဆိုေတာ္နိုင္ဝမ္း ပဲျဖစ္ပါတယ္။လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ဆိုရင္လည္းသူက ျပည္သူလူထုနဲ႔အတူ အမွန္တရား ဘက္ကေန ရပ္တည္ကာ လူထုလႈပ္ရွားမႈေတြမွာတက္တက္ႂကြႂကြ ပါဝင္ ေဆာင္ရြက္ရင္း အလႉအတန္း ေတြကိုလည္း ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

မၾကာေသးခင္ရက္က ဆိုရင္ ေရႊဘိုၿမိဳ႕ေစ်းမီးေလာင္မႈေၾကာင့္ ျပည္သူေတြနဲ႔ ထပ္တူ ဝမ္းနည္းေၾကကြဲကာကိုယ္ခ်င္းစာမိေၾကာင္း ေျပာထားတာကိုလည္း ေတြ႕ရပါတယ္။ယေန႔ကေတာ့ သူရဲ့ေမြးေန႔ရက္ျဖစ္တာေၾကာင့္လူမႈကြန္ယက္ စာမ်က္ႏွာထက္တြင္ ဒီေန႔ေမြးေန႔ဟာ ဒီဘဝၾကဳံဖူးသမၽွထဲမွာေတာ့ အပူေလာင္ဆုံးပဲမို႔ျပည္သူေတြနဲ႔ ထပ္တူ မေပ်ာ္နိုင္ေၾကာင္းကို အခုလိုေရးသား ေဖာ္ျပေပးလာတာ ျဖစ္ပါတယ္။

“ဒီနိုင္ငံမွာေမြးၿပီး ျမန္မာနိုင္ငံသား တစ္ေယာက္ရယ္လို႔ျဖစ္လာတာ ၃၄ႏွစ္တိတိျပည့္တဲ့ ေန႔ေပါ့ဗ်ာ..၈၈အေရးခင္း၊ေရႊဝါေရာင္ေတာ္လွန္ေရး၊ ေႏြဦးေတာ္လွန္ေရး အားလုံးၾကဳံခဲ့ရေပမဲ့ ဒီႏွစ္ေႏြရာသီနဲ႔၊ ဒီေန႔ေမြးေန႔ဟာ၊ဒီဘဝၾကဳံဖူးခဲ့သမၽွထဲ မွာေတာ့ အပူေလာင္ဆုံးပါပဲ..Happy Birthday လို႔မေျပာၾကပါနဲ႔..ျပည္သူေတြနဲ႔ထပ္တူ ကၽြန္ေတာ္ေပ်ာ္မေနလို႔ပါ😢😢😢”လို႔ စိတ္မေကာင္း ျဖစ္စြာ ​မၽွေဝလာတာ ပဲျဖစ္ပါတယ္။နိုင္းဝမ္းရဲ့ ပရိသတ္ေတြနဲ႔ အႏုပညာရွင္တစ္ခ်ိဳ႕ကေတာ့ ေမြးေန႔ဆုေတာင္း ေပးထားၾကတာ ျဖစ္ၿပီးမေပ်ာ္ရႊင္တာေတာ့ ထပ္တူပါပဲဆိုၿပီး ေျပာထားၾကတာကိုလည္း ေတြ႕ရပါ တယ္။

Credit:

ဒီနှစ်မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ဟာ ကြုံဖူးခဲ့တဲ့ဘဝတစ်လျှောက်လုံးမှာ အပူလောင်ဆုံးပဲလို့ ပြောလိုက်တဲ့ နိုင်းဝမ်း

ဂီတလောက မှာ လူငယ် ပရိသတ်တွေ အကြိုက် သီချင်းကောင်းတွေ များစွာကို သီဆိုထားတဲ့သူ ကတော့ အဆိုတော်နိုင်ဝမ်း ပဲဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ဆိုရင်လည်းသူက ပြည်သူလူထုနဲ့အတူ အမှန်တရား ဘက်ကနေ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာတက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ရင်း အလှူအတန်း တွေကိုလည်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်ရက်က ဆိုရင် ရွှေဘိုမြို့စျေးမီးလောင်မှုကြောင့် ပြည်သူတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကာကိုယ်ချင်းစာမိကြောင်း ပြောထားတာကိုလည်း တွေ့ရပါတယ်။ယနေ့ကတော့ သူရဲ့မွေးနေ့ရက်ဖြစ်တာကြောင့်လူမှုကွန်ယက် စာမျက်နှာထက်တွင် ဒီနေ့မွေးနေ့ဟာ ဒီဘဝကြုံဖူးသမျှထဲမှာတော့ အပူလောင်ဆုံးပဲမို့ပြည်သူတွေနဲ့ ထပ်တူ မပျော်နိုင်ကြောင်းကို အခုလိုရေးသား ဖော်ပြပေးလာတာ ဖြစ် ပါတယ်။

“ဒီနိုင်ငံမှာမွေးပြီး မြန်မာနိုင်ငံသား တစ်ယောက်ရယ်လို့ဖြစ်လာတာ ၃၄နှစ်တိတိပြည့်တဲ့ နေ့ပေါ့ဗျာ..၈၈အရေးခင်း၊ရွှေဝါရောင်တော်လှန်ရေး၊ နွေဦးတော်လှန်ရေး အားလုံးကြုံခဲ့ရပေမဲ့ ဒီနှစ်နွေရာသီနဲ့၊ ဒီနေ့မွေးနေ့ဟာ၊ဒီဘဝကြုံဖူးခဲ့သမျှထဲ မှာတော့ အပူလောင်ဆုံးပါပဲ..Happy Birthday လို့မပြောကြပါနဲ့..ပြည်သူတွေနဲ့ထပ်တူ ကျွန်တော်ပျော်မနေလို့ပါ😢😢😢”လို့ စိတ်မကောင်း ဖြစ်စွာ ​မျှဝေလာတာ ပဲဖြစ်ပါတယ်။နိုင်းဝမ်းရဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်တစ်ချို့ကတော့ မွေးနေ့ဆုတောင်း ပေးထားကြတာ ဖြစ်ပြီးမပျော်ရွှင်တာတော့ ထပ်တူပါပဲဆိုပြီး ပြောထားကြတာကိုလည်း တွေ့ရ ပါတယ်။

Credit: