သရုပ်​​ဆောင်​ချမ်းချမ်းက​တော့ လက်​ရှိအနုပညာလှုပ်​ရှားမှုအ​နေနဲ့ ဘဝအဆက်​ဆက်​ဆိုတဲ့သီချင်း​လေးကို ​ဖေ​ဖော်​ဝါရီ ၅ရက်​ထွက်​ဖို့ပြင်​ဆင်​​နေတယ်​လို့သိရပါတယ်​။ခင်​ပွန်းရှိတဲ့နိုင်​ငံကိုသွား​တော့မယ်​ဆိုတဲ့ချမ်းချမ်းက​တော့ Pannpwint နဲ့အင်​တာဗျူးမှာ ဗင်းနစ်​သွားဖို့စီစဉ်​​နေပုံ​လေးကို အခုလိုပဲ​ဖြေဆိုခဲ့ပါတယ်​။“ပထမက​တော့ အစ်​မ ဗင်းနစ်​ကိုတိုက်​ရိုက်​​ပေါ့ သွားမလို့ အခု ဗင်းနစ်​​လေဆိပ်​ကပိတ်​ထားလိုက်​ပြီဆို​တော့ မီလန်​က​နေ ကားပြန်​စီးရမှာ​ပေါ့ အားလုံး​လေးဆင့်ဖြစ်​သွား​တော့ ၂ရက်​ခွဲ​လောက်​ကြာမယ်​ ဒီလ ၂၅ထွက်​ရမယ်​ ဟိုမှာကွာရန်​တင်း၂ပတ်​ဝင်​ရမယ်​ home stay ပဲ​ပေါ့ ၁၄ရက်​ဝင်​ပြီးရင်​ ဆရာ​ဝန်​ရှာမယ်​ပြမယ်​ ဟိုမှာ​တော့က​လေးအတွက်​ပစ္စည်း​တွေ​ရောအကုန်​စီစဉ်​ထားပြီးပြီ ”

“ဟိုမှာသတိထားရမှာက​တော့ဆက်​ဆံ​ရေး​ပေါ့ နှင်း​တွေက ဒူး​လောက်​​ပေါင်​​လောက်​ကို​ဖြစ်​​နေတယ်​​လေ အဲ့ဒါ​လေးတစ်​ခုကို ပြင်​ဆင်​သွားရမယ်​​ပေါ့ ရာသီဥတု​ကြောင့်အပူအ​အေးမမျှလို့ အပူကန်​တာ​တွေ ဘာ​တွေမဖြစ်​​အောင်​”။“​မွေးခါနီးကြိုသွားရတာက​တော့ ​လေယာဉ်​စီးလို့မရမှာစိုးလို့ကြိုသွားရတာ အစ်​မကမွေးခါနီးကပ်​မှသွားချင်​တာ ဟိုမှာ ကွာရင်​တင်းဝင်​ရဦးမှာနဲ့ ​ကိုယ်​ဝန်​၃၂ပတ်​ဆို ​လေယာဉ်​မစီးရဘူး​လေ အဲ့ဒါ​ကြောင့်​ကြိုသွားတာ ၂လ​လောက်​ကြိုသွားတာ ​မွေးပြီး၂လ​လောက်​​နေမယ်​ဆို​တော့ ဇွန်​​လောက်​ပြန်​​ရောက်​မှာပါ”

“ဂင်္ဂါ​လေးက​တော့ပြင်​ဆင်​​နေပြီ အရုပ်​​တွေစစု​နေပြီ ဒါကညီမ​လေးအတွက်​ဆိုပြီး တစ်​ချို့ဆိုရင်​ ကိုယ်​ကသင်​ထားတယ်​ အရုပ်​​တွေ​ဈေးကြီးတယ်​ ​ဆေးမခြယ်​နဲ့ သမီးမ​ဆော့ရင်​ ညီမ​လေးကို​ပေး​ပေါ့ အခုဆိုသူကဘာလုပ်​လုပ်​ညီမ​လေးအတွက်​ဆို​တော့ သူ့​မေတ္တာ​တွေ့ရ​တော့အရမ်းစိတ်​ချမ်းသာစရာ​ကောင်းတယ်​”။“ပထမကိုယ်​ဝန်​နဲ့ ဒုတိယကိုယ်​ဝန်​ခံစားချက်​ကအတူတူပဲ ဂင်္ဂါတုန်းကလည်း City FM ပွဲကိုကိုယ်​ဝန်​နဲ့ဆိုတယ်​ music video ရိုက်​တဲ့အမှတ်​တရ​တွေလည်းရှိတယ်​ ဒီသမီး​လေးလည်းအတူတူပဲ သူတို့ကံကိုက အနုပညာနဲ့ကံစပ်​တယ်​​ပေါ့”

“သမီး​လေး​တွေက မိန်းက​လေး​တွေဆို​တော့ ဂင်္ဂါ​လေးနဲ့ဟင်္သာ​လေး​ပေါ့ အဲ့ဒီလို​လေးစဉ်းစား​နေတယ်​ ဒါ​ပေမဲ့ အတိတ်​နမိတ်​နဲ့တွက်​ရင်​ တိရစ္ဆာန်​ထက်​ဖြစ်​​နေတယ်​​ပေါ့ confirm ​တော့မဖြစ်​​သေးပါဘူး”။“ကိုယ်ဝန်စရကာစက မပြင်မဆင်နေတာ သျူမားတွေကေတာ့ အသားအရည်လွလာတယ်ပြောတယ် အဈမကဝိတ်မတက်တော့အေပ်ါပိုင်းကြည့်ရင်ကိုယ်ဝန်ရွိတယ်မထင်ရဘူး သျူမားတွေဆို ပွဲလာငွားကြတယ် ကိုယ့်ဟာကိုယ် ကိုယ်ဝန်ရွိတယ်မခံစားရဘူး အရမ်းပေါ့ပါးနေတယ်”

“အမျိုးသားဆိုရင်​ မျက်​စိကို​နောက်​​နေတာပဲတဲ့ ကိုယ်​ကလည်းအပြင်​လူမဝင်​ရ​တော့ သန့်ရှင်း​ရေးလည်းကိုယ်​ပဲလုပ်​ဖြစ်​တယ်​ အခု​တော့အ​မေတို့လာကူတယ်​ ကိုယ်​ဝန်​ရင့်​တော့ပိုသိသာတယ်​​လေ ခါး​တွေ ​ကျော​တွေ​အောင့်တာ ”။“အစက​တော့ စိတ်​ဖိအား​တွေ စိတ်​ပူတာ​တွေများတယ်​​လေ အခုဒီအမျိုးသားနဲ့​တွေ့​တော့ အနုတ်​လက္ခဏာ​တွေကို သူက​အ​ပေါင်းလက္ခဏာဖြစ်​​အောင်​ရှင်းပြတယ်​ ​နေရတဲ့အချိန်​မှာအရှိကိုအရှိအတိုင်းလက်​ခံ ဒါဆို​နင်​​နေ​ပျော်​လိမ့်မယ်​ ငါ့ကိုဘာလို့ထားခဲ့တာလဲ ငါဘာမှားလို့လဲ​တွေမ​တွေးနဲ့ ကိုယ့်ဘာသာကိုယ်​ပဲ​နေ​ပျော်​​အောင်​​နေ​ပေါ့ အဲ့ဒါဆိုနင်​စိတ်​ချမ်းသာရမယ်​လို့အကြံ​ပေး​တော့ ​နေသားကျသွားပြီ” လို့ဆိုခဲ့ပါတယ်​။ချမ်းချမ်းက​တော့ ပရိသတ်​ကြီးအတွက်​ နှစ်​သစ်​ဆု​တောင်းအ​နေနဲ့”အစ်​မကိုချစ်​တဲ့သူ​ရော မချစ်​တဲ့သူကို​ရောအစ်​မ​မေတ္တာထားပါတယ်​ ဒီနှစ်​သစ်​ကစလို့ကျန်းမာချမ်းသာပါ​စေ” လို့ ဆု​တောင်း​ပေးလိုက်​ပါ​သေးတယ်​။

Crd ;