


Source : Ah Boy
Credit : (Yaung Chi)

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ အဆိုတော် Ah boy တို့ အနုပညာ ဆယ်လီစုံတွဲကတော့ ပရိသတ်တွေအားလုံး အားကျချစ်ခင်နေရတဲ့ အနုပညာရှင် ဇနီးမောင်နှံပဲ ဖြစ်ပါတယ် ။ Scarlett ဆိုတဲ့ သမီးဦးလေးကို လည်း ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့မိသားစု လေးအဖြစ် ပရိသတ်တွေက အားပေးချစ်ခင်နေကြတာပါ ။

လတ်တလောမှာတော့ Scarlett လေးကိုချစ်ကြတဲ့ ပရိသတ်ကြီးအတွက် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခုရှိပါတယ် ။ အဲဒါကတော့ ဒုတိယမြောက် ရင်သွေးလေးကို ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့ သတင်းလေးဖြစ်ပြီး Scarlett လေး အငယ်ဆုံး မဟုတ်တော့ဘူး ဆိုတဲ့စာသားလေးနဲ့အတူ Ah boy က ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ သားသားလေးလား မီးမီးလေးလား ဆိုတာ မသိသေးပေမယ့် Ah boy တို့ဇနီးမောင်နှံကတော့ အရမ်းကို ပျော်ရွှင်နေကြပါတယ် ပရိသတ်ကြီးရေ ..။

ဆယ်လီအနုပညာရှင်အချို့ကလည်း Ah boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းမှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။ ပရိသတ်ကြီးကလည်း Scarlett လိုချစ်စရာကောင်းတဲ့ ရင်သွေးလေးထပ်မံရရှိဖို့အတွက် ဆုမွန်ကောင်းတွေ ပေးခဲ့ကြပါတယ် ။

Source : Ah Boy
Credit : (Yaung Chi)