


Source: Sat Sat’s fb

Credit

ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ သွားထပ်လေးတွေရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် ဆက်ဆဆက်ကို ပရိသတ်ကြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ ဆက်ဆက်ကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ မင်းသမီးရဲ့သူငယ်ချင်းနေရာကနေ အများဆုံးပါဝင် သရုပ်ဆောင်ခဲ့သူလေးတစ်ယောက်ပဲဖြစ်ပါ တယ်။

ဆက်ဆက်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ သူမရဲ့မိသားစုလေးကိုအချိန်ပေးရင်း အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ ဆက်ဆက်ဟာ မကြာသေးခင်ရက်ပိုင်းကပဲ သူမရဲ့ ဒုတိယမြောက်သမီးလေးကို မွေးဖွားခဲ့တာပဲဖြစ်ပါ တယ်။

ဒီကနေ့မှာတော့ ဆက်ဆက်က လေးရက်သားလေးသာရှိသေးတဲ့ သူမရဲ့သမီးလေးပုံရိပ်ကို ပရိသတ်တွေဆီ ပြသလို့လာတာကို အခုလိုမျိုးပဲတွေ့ရပါတယ်။ဆက်ဆက်ကတော့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆက်ဆက်တို့မိသားစုပုံရိပ်လေးကိုကြည့်ပြီး ကျေနပ်ကြမယ် လို့ထင်ပါ တယ်။

Source: Sat Sat’s fb

Credit