မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးနွယ်ဒါလီထွန်းဟာဆိုရင် ရုပ်ရှင်ကားတွေနဲ့ Music Videoများစွကြိုရိုက်ကူးထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်..။လူငယ်ပီပီသွက်လက်ဖြတ်လက်ပြီး အရုပ်လေးတစ်ရုပ်လို လှပလွန်းတဲ့ နွယ်ဒါလီထွန်းဟာ ယောက်ျားလေး ပရိတ်သတ်တွေတင်မကပဲ မိန်းကလေးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝအခိုင်အမာ၇ရှိထားတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်..။

မင်းသမီးချောလေးနွယ်ဒါလီထွန်းက ယခုမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူ အမှန်တရားဘက်ကရပ်တည်ပြီး လူထုလှုပ်ရှားမှုမှာလည်း တက်ကြွစွာပါဝင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်.။ဒါလီက နွေဦးတော်လှန်ရေးကြီးစတင်ကတည်းက တစ်ရက်လေးတောင်မနားပဲလမ်းပေါ်ထွက်ကာ ပြည်သူလူထုနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာအားကြိုးမာန်တတ်ပါဝင်ခဲ့တာကြောင့် သူမကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူခံထားရတာပဲဖြစ် ပါတယ်နော်..။

ဒီကနေ့မှာဆိုရင်လည်း နွယ်ဒါလီထွန်းက ဓမ္မကိုသာလိုလားတယ်ပြောပြီး ဓမ္မဘက်မှာရပ်တည်ဖို့ မဝံ့မရဲဖြစ်နေတဲ့သူတွေက အဓမ္မဘက်ကိုအားပေးတာနဲ့တူနေကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြတ်ပြတ်သားသားေပြောပြလာတာပဲဖြစ်ပါတယ်နော်…။အဲ့ဒါကတော့ “ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မကိုသာလိုလားတယ်ပြောပြီး ဓမ္မဘက်ကရပ်တည်ဖို့ မဝံ့မရဲဖြစ်နေကြခြင်းဟာလည်း အဓမ္မကို အား ပေးနေခြင်းတမျိုးပါပဲနော် 🙂အရေးတော်ပုံအောင်ရမည်..” ဆိုပြီးရေးသာဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်နော်..။ အမှန်တရားဘက်ကနေ ပြည်သူလူထုနဲ့အတူရပ်တည်ပေးခဲ့တဲ့နွယ်ဒါလီထွန်းကို ပရိတ်သတ်တွေကလည်း အစစအရာရာဂရုစိုက်ဖို့ပြောထားတာကိုလည်းတွေ့ရပါတယ်။ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်…။

Source; Nwe Darli Tun’s Facebook acc
Credit; Celebrity Platforms