ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ဟာဆိုရင် ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အနုပညာလောကမှာအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်နော်။ခင်ပွန်းဖြစ်သူကိုဘင်းရယ် ချစ်စရာသားလေး တစ်ယောက်ရယ်နဲ့အတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားသူတစ်ယောက်ဖြစ်ပါတယ်။

နှိုင်းယှဉ်က စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေကို သူမတတ်နိုင်သလောက်လှူဒါန်းကာ ကောင်းမှုကုသိုလ်တွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပါတယ်နော်။ ယခုလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေမှာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်နေကာ Campaignတွေမှာလည်း တစ်ထောင့်တစ်နေရာကပါဝင် လှုပ်ရှားနေတာပဲဖြစ်ပါတယ်။ ယခုအချိန်မှာဆိုရင်တော့ အသက်ပေးသွားရတဲ့ ပြည်သူတွေများပြားလာခဲ့ပြီ ဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ပြည်သူတွေကလည်း အယောက် ၄၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်နော်။

နှိုင်းယှဉ်က ရှောင်ရှားနေသူတွေနဲ့ ချုပ်နှောင်ခံထားရသူတွေကို အမြန်ဆုံးပြန်လွတ်မြောက်ရန်ဆုတောင်းစကားလေးကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်ပြထားတာကို တွေ့ရပါတယ်။နှိုင်းယှဉ်က”ကိုယ့်အိမ်ထဲနေပြီး အသက်ရှုမဝတာရက် (၁၀၀)ရှိပြီ ရှောင်ရှားနေရသူတွေ အကျဉ်းကျနေသူ အားလုံးအမြန်လွတ်မြောက်ပါစေကျန်းမာကြပါစေ”ဆိုပြီး ဆုတောင်းပေးထားပါတယ်နော်။ပရိသတ်ကြီးလည်း နှိုင်းယှဉ်နဲ့အတူ ပြည်သူတွေအားလုံးဘေးကင်း ကျန်းမာဖို့ဆုတောင်းမေတ္တာပို့သပေးကြပါအုံးနော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source:Nhying Sin’s fb
Credit : (Pay Phu Hlwar)




Source:Nhying Sin’s fb
Credit : (Pay Phu Hlwar)